DVB Logo
Home
မြန်မာသတင်း
သတင်းမီဒီယာကောင်စီ၏ အီးမေးလ်လိပ်စာအတုအသုံးပြုပြီး သတင်းတုဖြန့်ဝေတိုက်ခိုက်
DVB
·
November 5, 2020
သတင်းမီဒီယာကောင်စီ၏ အီးမေးလ်လိပ်စာအတုအသုံးပြုပြီး သတင်းတုဖြန့်ဝေတိုက်ခိုက်
Donate to DVB

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ အီးမေးလ်လိပ်စာအတုကိုအသုံးပြုပြီး နိုဝင်ဘာ ၅ရက်နေ့က သတင်းမီဒီယာတွေဆီ သတင်းတုဖြန့်ဝေတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

ဖြန့်ဝေတိုက်ခိုက်တဲ့သတင်းအတုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြားသားတွေနဲ့ပူးပေါင်းပြီး နိုင်ငံကိုဖျက်ဆီးဖို့ ကြံစည်နေတယ်ဆိုပြီး သတင်းတင်ဆက်ပုံ စနစ်တကျနဲ့ ဖော်ပြပါတယ်။

သတင်းအတုဖြန့်ဝေသူတွေဟာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ အီးမေးလ်အတုကိုသာအသုံးပြုတာ မဟုတ်ဘဲ သမ္မတရုံးအီးမေးလ်အတု၊ လွှတ်တော်အီးမေးလ်အတုနဲ့ သတင်းမီဒီယာလောကထဲက ထင်ရှားသူတွေရဲ့ အီးမေးလ်အတုတွေကိုပါ အသုံးပြုပြီး သတင်းအမှားတွေဖြန့်ဝေတာကို တွေ့ရပါတယ်။

သတင်းတုဖြန့်ဝေတဲ့ အီးမေးလ်ကို ဖြန့်ဝေတဲ့ဇစ်မြစ်ကို လေ့လာကြည့်တဲ့အခါမှာ မရမ်းကုန်းမြို့နယ်က နည်းပညာကုမ္ပဏီတစ်ခုကို ညွှန်ပြနေတာကိုတွေ့ရပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဦးဇေယျာလှိုင်က“ကျနော်တို့ ကတော့ ဇစ်မြစ်ကိုလိုက်ချင်တာပေါ့။ ဒါပေမဲ့ အလုပ်အမှုဆောင်အဖွဲ့တွေအားလုံးတိုင်ပင်ရဦးမယ်။ ကျနော်တို့ ကောင်စီက ဘယ်ဟာကသတင်းတုဆိုပြီး လိုက်ပြီးတိုက်ခိုက်တာတွေရှိခဲ့တဲ့အတွက် မကျေနပ်တာလို့ထင်ပါတယ်” လို့ သတင်းတုဖြန့်ဝေတိုက်ခိုက်သူတွေနဲ့ပတ်သက်ပြီး ပြောပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့ ညနေပိုင်းအထိတော့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ ဝက်ဘ်ဆိုက်ကို  တိုက်ခိုက်ခံရတာမျိုးမရှိသေးဘူးလို့ ကောင်စီအတွင်းရေးမှူး ၂  ဦးမြင့်ကျော်က ပြောပါတယ်။

“သတင်းတု သတင်းမှား ဖြေရှင်းတာ ကျွမ်းကျင်တဲ့ နည်းပညာအဖွဲ့ MIDO ကို အကူအညီတောင်းထားပါတယ်။ ကောင်စီဝက်ဘ်ဆိုက်လုံခြုံရေးကိုပြန်စစ်ဆေးနေပါတယ်၊” 

သတင်းတုသတင်းမှားဖြန့်ဝေသူရဲ့ လုပ်ရပ်ဟာ ရွေးကောက်ပွဲနီးမှ အချိန်ကိုက်လုပ်ဆောင်တာဖြစ်ပြီး ရွေးကောက်ပွဲမတိုင်ခင် သတင်းမီဒီယာတွေနဲ့ ပြည်သူတွေရဲ့ စိတ်ရှုပ်ထွေးအောင် ရည်ရွယ်တဲ့သဘောဖြစ်တယ်လို့ ကောင်စီဝင်တွေက သုံးသပ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013