DVB Logo
Home
မြန်မာသတင်း
ရေချယ်လ်နှင့် Key Lashi ကာဗာပြန်လည်သီဆိုထားသည့် “မိုးလေးဖွဲတုန်း”သီချင်း(ရုပ်သံ)
DVB
·
November 5, 2020
ရေချယ်လ်နှင့် Key Lashi ကာဗာပြန်လည်သီဆိုထားသည့် “မိုးလေးဖွဲတုန်း”သီချင်း(ရုပ်သံ)
Donate to DVB

       “မိုးလေးဖွဲတုန်း သတိရတယ်… မြင်နေတဲ့ ပြတင်းတံခါးဆီပဲ… သွားလို့မော့ကြည့် ပြောလိုက်ချိန်… တကိုယ်ရေတည်း မိုးစက်တွေအလယ်”

       ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “မိုးလေး ဖွဲတုန်း”သီချင်းမှန်း သိကြပြီး ဖြစ်မှာပါ။

       တေးရေး မျိုးကျော့မြိုင်က ရေးစပ်ပေးပြီး ထွန်းအိန္ဒြာဗိုနဲ့ စုံတွဲသီဆိုမှုနဲ့ နာမည် ကြီးသလို တခြားအဆိုတော်ပေါင်းများစွာကလည်း ကာဗာအနေနဲ့ သီဆိုမှုတွေနဲ့ ထင်ရှား တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

       ခုတခါမှာတော့ ဒီသီချင်းကို တက်သစ်စ နာမည်ကြီး လူငယ်တေးသံရှင်တွေ ဖြစ်ကြတဲ့ ရေချယ်လ်နဲ့ Key Lashi တို့ရဲ့ စုံတွဲကာဗာပြန်လည်သီဆိုမှုနဲ့ ခံစားနား ဆင်ကြရမှာပါ။

“သီချင်းလေး ရေးမိ အလွမ်းသက်သေ… ပိုတယ်လို့ မပြောလိုက်ပါနဲ့… ဝေးပြီးတ နေ့ ပြန်တွေ့ကြမယ်… ယုံကြည်ထား မိုးစက်တွေအလယ်… တချိန်ကသိတဲ့ ပျော်မြူး ခြင်းတွေ… ပြန်ဝေနေ သီချင်းရဲ့ ရင်ထဲ… ဘယ်လောက်ပဲဝေးဝေး မင်းအနားမှာ… ထိုင် ကာလေ အမြဲရှိချင်တယ်”

လူငယ်အမျိုးသမီး တေးသံရှင် ရေချယ်လ်ကိုတော့ အထူးမိတ်ဆက်ပေးဖို့ လိုမယ် မထင်ပါဘူး။

   မြန်မာပြည်ရဲ့ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တယောက်ဖြစ်တဲ့ ဦးတေဇရဲ့ ရင် သွေးဖြစ်တဲ့ ရေချယ်လ်ဟာ “မြစ်”အမည်ရတဲ့ ဇာတ်ဝင်သီချင်းတပုဒ်နဲ့အတူ ပရိသတ် တွေကြား အားပေးမှု ရရှိလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီသီချင်းကတော့ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ပထမဆုံးရုပ်ရှင်အဖြစ် အောင်မြင်ခဲ့တဲ့ “ည”ရုပ်ရှင်ကားထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

သီချင်းတွေ ကိုယ်တိုင်ရေး ကိုယ်တိုင် သီဆိုလေ့ရှိတဲ့ ရေချယ်လ်ဟာ ကာဗာသီ ချင်းတချို့ကိုလည်း ပြန်လည်သီဆိုလေ့ရှိပြီး ထူးခြားတဲ့ အသံပါရမီရှိသူလို့ ပရိသတ် တွေက သိထားကြတာပါ။

ရေချယ်လ်ဟာ ပြီးခဲ့တဲ့ နှစ်တုန်းက လူငယ်အမျိုးသမီးတေးသံရှင်တွေ ဖြစ်ကြတဲ့ Mary၊ Gabriel Phway တို့နဲ့အတူ The Blue Night လို့ အမည်ပေးထားတဲ့ ဖျော်ဖြေ ပွဲတခုမှာ ပါဝင်ခဲ့ပါသေးတယ်။

လတ်တလောမှာတော့ သီချင်း ၇ ပုဒ်ပါဝင်တဲ့ သူ့ရဲ့ “ကမ္ဘာ”အမည်ရတဲ့ မီနီ တေးအယ်လ်ဘမ်ကိုလည်း ဖြန့်ချိထားခဲ့ပြီးဖြစ်ကာ ကိုယ်ပိုင်သံစဉ်ဆင်ဂယ်လ်သီချင်း‌တွေသီဆိုရင်း အနုပညာလှုပ်ရှားမှု တချို့မှာလည်း ပါဝင်နေခဲ့ပြီ ဖြစ်ပါတယ်။

Key Lashi ကတော့ Galaxy Star သီချင်းဆိုပြိုင်ပွဲကနေတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိလာတဲ့သူတယောက်ဖြစ်ပြီး အင်္ဂလိပ်လိုရော ကိုရီးယားလို ပါ ထွက်ရှိထားခဲ့တဲ့ Holding Me Back သီချင်း၊ အဆိုတော် J-Me က Featuring ပါဝင်သီ ဆိုပေးခဲ့တဲ့ Unlock Your World သီချင်း၊ စာတမ်းလေး၊ ဓာတ်ခဲစတဲ့ သီချင်းတွေကတော့ ထင်ရှားပါတယ်။

ခုလတ်တလော ရေချယ်လ်နဲ့ စုံတွဲသီဆိုထားတဲ့ မိုးလေးဖွဲတုန်း သီချင်းကိုတော့ ဇာတ်လမ်းစတိုရီပုံစံ ဖန်တီးရိုက်ကူးထားခဲ့ပြီး ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013