DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်မှတ်တမ်းရုပ်ရှင်ပွဲတော်တွင် အကဲဖြတ်ဒိုင်အဖြစ် ဝတ်မှုန်ရွှေရည်ပါဝင်
DVB
·
November 5, 2020
ဘန်ကောက်မှတ်တမ်းရုပ်ရှင်ပွဲတော်တွင် အကဲဖြတ်ဒိုင်အဖြစ် ဝတ်မှုန်ရွှေရည်ပါဝင်
1 / 2
Donate to DVB

နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ ဘန်ကောက်အပြည်ပြည်ဆိုင်ရာ မှတ်တမ်း ရုပ်ရှင်ပွဲတော်- Bangkok International Documentary Film Awards 2020 မှာ မြန်မာ ကိုယ်စားပြု အကဲဖြတ်ဒိုင်တယောက်အနေနဲ့ သရုပ်ဆောင်မင်းသမီး ဝတ်မှုန်ရွှေရည်က ပါဝင်သွားဖို့ ရှိနေပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဝတ်မှုန်ရွှေရည်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူ မှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

“နာမည်ကျော် Bangkok International Documentary Awards 2020 အခမ်း အနားကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အကဲဖြတ်ဒိုင်တဦးအနေနဲ့ ဖိတ်ကြားခြင်းခံရတဲ့ အတွက် ကစ် တကယ့်ကို ဝမ်းမြောက်မိပါတယ်။ ဒီအခမ်းအနားကြီးမှာ ဥရောပ၊ အမေရိက၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနဲ့ အာရှတိုက် အသီးသီးက စိတ်ဝင်စားစရာ Documentary ဇာတ်ကားတွေ ပါဝင်ပြသသွား မှာဖြစ်ပါတယ်။ ဒီ Documentary ဇာတ်ကားတွေကို ကြည့်ရှုပြီး ကစ်ရဲ့အမြင်တွေကို မျှဝေသွားဖို့လည်း မစောင့်နိုင်တော့ပါဘူး။ အားလုံးကံကောင်းကြပါစေနော် ☘️ Love Kit”

လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စတင်ကျင်းပမယ့် ဒီဆုချီးမြှင့်ပွဲအခမ်းအနား မှာတော့ မြန်မာနိုင်ငံက သရုပ်ဆောင်မင်းသမီး ဝတ်မှုန်ရွှေရည်နဲ့အတူ Broadcaster တွေအနေနဲ့ Canal+ အခပေးရုပ်သံလိုင်းမှ Olivier Stroh နဲ့ မေဝါလွင်တို့ ကလည်း ပါဝင်သွားကြမှာ ဖြစ်ကာ ထိုင်း၊ ကမ္ဘောဒီးယား၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ နယ်သာလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန်စတဲ့ နိုင်ငံတွေက သက်ဆိုင်ရာ ကိုယ်စားပြုဒိုင်တွေလည်း ပါဝင်သွားကြမှာ ဖြစ်ပါ တယ်။

ကစ်လို့ ပရိသတ်တွေက သိကြတဲ့ အသက် ၃၂ နှစ်အရွယ် သရုပ်ဆောင်မင်းသမီး ဝတ်မှုန်ရွှေရည်ဟာ သရုပ်ဆောင်မော်ဒယ်တယောက်အနေနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ဆယ်စုနှစ်ချီ လျှောက်လှမ်းလာခဲ့ပြီးဖြစ်ကာ လက်ရှိမှာတော့ နာမည်ကြီး ထိပ် တန်းသရုပ်ဆောင် မင်းသမီးတလက်အနေနဲ့ ထင်ရှားပါတယ်။

ခုချိန်မှာတော့ ဝတ်မှုန်ရွှေရည်ဟာ ‘နင်စေရင်’၊ ‘နှလုံးသားဖြင့် ပြုလုပ်သည်’ စ တဲ့ ရုပ်ရှင်ကားတွေနဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုတွေ ဆွတ်ခူးရရှိခဲ့ပြီဖြစ်ကာ ပရဟိတ လုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လေ့ရှိသူတဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း COVID-19 ဗိုင်းရပ်စ်ကပ်ကာလမှာ အိမ်မှာ မနေသာဘဲ အပြင်ထွက် ဝမ်းရေးအတွက် လှုပ်ရှားနေကြရတဲ့ မရှိနွမ်းပါးသူတွေကို လိုအပ်မယ့်ပစ္စည်းတွေနဲ့ အလှူဒါန ပြုလုပ်တာတွေ၊ အဲဒီနောက် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးမှာ အဓိက လုပ်ဆောင်နေကြတဲ့ ဖောင်ကြီးဆေးရုံကျန်းမာရေး ဝန်ထမ်းတွေအတွက် ကျန်းမာရေး အာမခံအလှူကို ပရိသတ်တွေနဲ့အတူ ပြုလုပ်ခဲ့ပါသေးတယ်။

တခြားနိုင်ငံတွေနဲ့ ချစ်ကြည်ရေးရုပ်ရှင်ကားတွေအနေနဲ့ ဝတ်မှုန်ရွှေရည်ပါဝင်ခဲ့တဲ့ ထိုင်း မြန်မာချစ်ကြည်ရေးရုပ်ရှင်-“ဘန်ကောက်မှ မန္တလေးသို့”၊ ဂျပန်မြန်မာချစ်ကြည်ရေး ရုပ်ရှင်- “ဇာတိမြေ”၊ ကိုရီးယားမြန်မာချစ်ကြည်ရေးရုပ်ရှင် -“တိမ်တွေပေါ်ကပန်း”စတဲ့ ရုပ်ရှင်ကားတွေ ဟာလည်း ထင်ရှားတဲ့ ရုပ်ရှင်ကားတွေ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာလည်း ဝတ်မှုန်ရွှေရည်ဟာ ပြီးခဲ့တဲ့နှစ်က ရုံတင်ပြသခဲ့တဲ့ “လိပ်ပြာစံအိမ်”ရုပ်ရှင်ကားနဲ့ ဆန်ကာတင်စာရင်းမှာ ပါဝင် နေခဲ့ပါတယ်။

အဲဒီရုပ်ရှင်ကိုတော့ From Bangkok to Mandalay ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ထိုင်းရုပ်ရှင်ဒါရိုက်တာ ChaartChai Ketnust က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ကာ  ဝတ်မှုန်ရွှေရည်နဲ့အတူ ပရိသတ်ကြိုက် သရုပ်ဆောင် မင်းသားတွေ ဖြစ်ကြတဲ့ နိုင်းနိုင်း၊ ဒေါင်း၊ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့က အဓိက ဇာတ်ကောင်တွေနေရာမှာ ပါဝင် ထားခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013