DVB Logo
Home
မြန်မာသတင်း
ရခိုင်သယံဇာတ ရခိုင်များ ခံစားခွင့်ရရန် လက်မှတ်ရေးထိုး လှုပ်ရှားမည်
DVB
·
August 1, 2013
ရခိုင်သယံဇာတ ရခိုင်များ ခံစားခွင့်ရရန် လက်မှတ်ရေးထိုး လှုပ်ရှားမည်
Donate to DVB

ရခိုင်ပြည်နယ်ကနေ ထွက်ရှိတဲ့ သဘာဝသယံဇာတတွေကို ရခိုင်ဒေသခံတွေ ပိုင်ဆိုင်ခွင့်၊ စီမံခံစားပိုင်ခွင့် ရရေးအတွက် ရခိုင်သယံဇာတများအကျိုးခံစားခွင့်ရရှိရေး လှုပ်ရှားမှုကော်မတီက ပြည်နယ်တ၀ှမ်း လက်မှတ်ရေးထိုးလှုပ်ရှားမှုတွေ စတင်တော့မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့က ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (အာရ်အန်ဒီပီ) ဌာနချုပ်မှာ ဇူလိုင် ၂၅ ရက်နေ့က ဖွဲ့စည်းလိုက်တာဖြစ်ပြီး ရခိုင်ကမ်းလွန်ထွက် သဘာဝဓာတ်ငွေ့တွေကို တရုတ်နိုင်ငံကို သွယ်တန်းပို့လွှတ်မှုစတင်ပြီး ရက်ပိုင်အတွင်း အကောင်အထည် ဖော်လိုက်ကြတာ ဖြစ်ပါတယ်။

အာရ်အန်ဒီပီပါတီ ခေါင်းဆောင်ပိုင်းက ဦးခိုင်ပြည်စိုး၊ ဦးခိုင်ကောင်းဇံနဲ့ ဦးကျော်ဇောဦးတို့ကို တာဝန်ပေးဖွဲ့စည်းခိုင်းတာဖြစ်ပြီး ကော်မတီဝင် ၁၈ ဦးမှာ တ၀က်က ပါတီကဖြစ်ပြီး ကျန်တ၀က်က လူထုလူတန်းစားအဖွဲ့တွေကဖြစ်တယ်လို့ ဦးကျော်ဇောဦးက ပြောပါတယ်။

အဲဒီအမြုတေ လှုပ်ရှားမှုကော်မတီကနေတဆင့်  တပြည်နယ်လုံးအနှံ့ ကော်မတီတွေ တိုးချဲ့ဖွဲ့စည်းမယ်လို့ ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဇောဦးက ပြောပါတယ်။
“action (လှုပ်ရှားမှု) ကော်မတီသဘောမျိုး လုပ်မှာပေါ့နော်။ ဒါ အမြူတေကော်မတီပဲ ရှိသေးတယ်။ ကျနော်တို့က ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုမှာလည်း အဲဒီလှုပ်ရှားမှုကော်မတီတွေကို ထပ်ပြီးတော့ ဖွဲ့သွားဖို့ အစီအစဉ် ရှိပါတယ်။”

ပထမဆုံးအဆင့်အနေနဲ့ ရခိုင်ပြည်ထွက်သယံဇာတတွေ ရခိုင်တွေခံစားရရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုအစပျိုးလုပ်ဆောင်ဖို့ ပြင်နေတာလို့ ဆိုပါတယ်။
ဒေသတခုကထွက်တဲ့ သယံဇာတပေါ်မှာ ဒေသခံတွေကို သင့်တော်တဲ့ ရာခိုင်နှုန်းတွေနဲ့ အချိုးကျဖွံ့ဖြိုးအောင် ပံ့ပိုးပေးခြင်းအားဖြင့် ကျစ်လစ်ခိုင်မာစည်းရုံးတဲ့ဘက်ကို ပိုရောက်နိုင်တယ် ဆိုတာကို ဦးတည်ချက်နဲ့ လုပ်ဆောင်တာလို့ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

“ကျနော်တို့ ပြည်ထောင်စု အစိုးရ အပေါ်မှာရော၊ တခြား တိုင်းရင်းသား လူမျိုးစုအပေါ်မှာရော သဘောထားရရှိအောင် ကျနော်တို့ ဆောင်ရွက်တဲ့ ပါတီရဲ့ ဆုံဖြတ်ချက် လုပ်ငန်းလို့ပဲ သုံးသပ်ပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့လည်း ကျနော်တို့ ဆွေးနွေးဖို့တော့ ရှိပါတယ်။ ပြည်ထောင်စု အစိုးရကလည်း သဘောပေါက်တဲ့ သဘောရှိနေပါတယ်။ အဲဒါကြောင့် ကျောက်ဖြူကနေ တရုတ်ပြည်ဘက်ကို ဓာတ်ငွေ့ ပို့တဲ့ကာလ ဒီလလေးတွေမှာ ပြည်ထောင်စု အစိုးရက သတိထားမိနိုင်အောင် လူထုရဲ့ ဆန္ဒလေးတွေကို အချိန်နဲ့ တပြေးညီ ကျနော်တို့ အသိပေးရခြင်းပဲ ဖြစ်ပါတယ်။”

ပြည်ထောင်စုအစိုးရအနေနဲ့ ဒီကိစ္စကို ဆွေးနွေးရမယ့် အချိန်ကာလရောက်နေပြီလို့လည်း သူက ဖြည့်စွက် ပြောဆိုပါတယ်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာ ရောင်းချသူဘက်က ရှယ်ယာမှာ အစိုးရက ၇ ဒဿမ ၃၆၅ ရာခိုင်နှုန်းနဲ့ ကျန်တဲ့ရာခိုင်နှုန်းကို နိုင်ငံခြားကုမ္ပဏီတွေ ထည့်ဝင်ကြတာဖြစ်ပါတယ်။ မြန်မာ-တရုတ် ရေနံပိုက်လိုင်းစီမံကိန်းမှာ အစိုးရက ၄၉ ဒဿမ ၁ ရာခိုင်နှုန်း အစုရှယ်ယာထည့်ပြီး CNPC-SEAP က ကျန်ရှယ်ယာ ရာခိုင်နှုန်းထည့်ဝင်ထားတယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းခ ၁ နှစ်ကို ဒေါ်လာ ၆ ဒဿမ ၀၉၅ သန်းနဲ့ ရေနံပိုက်လိုင်းဖြတ်သန်းခအဖြစ်  ၁ နှစ်ကို ဒေါ်လာ ၆ ဒဿမ ၀၉၅ သန်း ခံစားရမှာဖြစ်ပါတယ်။ ရေနံဖြတ်သန်းခအဖြစ် ရေနံ ၁ တန်ကို ၁ ဒေါ်လာ ခံစားရဦးမှာဖြစ်သလို ပြည်တွင်းသုံးစွဲဖို့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပမာဏတချို့ ရရှိသုံးစွဲရမယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ရှင်းလင်း ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013