DVB Logo
Home
မြန်မာသတင်း
မိုင်းတုံမြို့နယ်၌ IGT ဆက်သွယ်ရေးတာဝါတိုင် စက်ပစ္စည်းများဖျက်ဆီးခံရ
DVB
·
November 5, 2020
မိုင်းတုံမြို့နယ်၌ IGT ဆက်သွယ်ရေးတာဝါတိုင် စက်ပစ္စည်းများဖျက်ဆီးခံရ
1 / 4
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်အတွင်း မိုင်းတုံမြို့မှ ၂၃ မိုင်ခန့်အကွာ ရွှေတောင်ရွာ အနီး တည်ဆောက်ထားတဲ့ Irrawaddy Green Tower ကုမ္ပဏီပိုင် ဆက်သွယ်ရေးတာဝါတိုင်မှာ တပ်ဆင်ထားတဲ့စက်ပစ္စည်းတွေ ဖျက်ဆီးခံထားရပါတယ်။

ဖျက်ဆီးသူဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပေမဲ့ ဆက်သွယ်ရေးတာဝါတိုင် ပစ္စည်းတွေ ဖျက်ဆီးခံထားရတာကို နိုဝင်ဘာ ၄ ရက် မနက်မှာ  ကုမ္ပဏီတာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့တာပါ။ 

ဆိုဒ်တာဝန်ခံ ဦးမင်းဇော်ဦးက "ဆိုဒ်စပြီးဒေါင်းတာ နိုဝင်ဘာလ ၁ ရက်နေ့ ၁၁နာရီ ၄၈ မိနစ်ကဖြစ်နေတာ ဆိုဒ်အားလုံး လိုက်လံစစ်ဆေးနေရတာနဲ့ ဒီမနက်မှ ပျက်စီးနေတဲ့ အခြေအနေ တွေကိုသိရတာပါ။ တမင် ရည်ရွယ်ချက်ရှိရှိ လုပ်သွားတာလို့ထင်တယ်။ ကျောက်ခဲနဲ့ထုပြီး ဖျက်ဆီးခံထားရတာပါ'' လို့ ပြောပါတယ်။

ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး DGကြိုးတွေ ဖြတ်တောက်ဖျက်ဆီးခံရကာ အအေးပေးတဲ့ ပန်ကာတွေလည်း ပျောက်ဆုံးနေပြီး အော်တို-မန်နျူရယ် ချိန်ပြောင်းစက်ခလုတ်အုံကို လည်း ထုချေဖျက်ဆီးခံခဲ့ ရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး Irrawaddy Green Tower ကုမ္ပဏီရုံးချုပ် တာဝန်ရှိသူတွေက  ကွင်းဆင်း စစ်ဆေးမှုတွေဆောင်ရွက်နေပြီး ဖျက်ဆီးသူတွေကို ဖော်ထုတ်အရေးယူနိုင်ရေး အမှုဖွင့် တိုင်ကြားသွားမယ်လို့  သိရပါတယ်။

သတင်း - အောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013