DVB Logo
Home
မြန်မာသတင်း
မဲသွားပေးကြဖို့ Tiktok ဆော့ပြီး နှိုးဆော်ခဲ့သည့် သရုပ်ဆောင် အေးမြတ်သူ(ရုပ်သံ)
DVB
·
November 4, 2020
မဲသွားပေးကြဖို့ Tiktok ဆော့ပြီး နှိုးဆော်ခဲ့သည့် သရုပ်ဆောင် အေးမြတ်သူ(ရုပ်သံ)
Donate to DVB

       ရက်ပိုင်းသာလိုတော့တဲ့ မြန်မာနိုင်ငံရဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပရိသတ်တွေအနေ နဲ့ မဲသွားပေးကြဖို့အတွက် သရုပ်ဆောင် အေးမြတ်သူက Tiktok ရုပ်သံဗီဒီယိုဖိုင်နဲ့ နှိုး ဆော်လိုက်ပါတယ်။

       ဒီ Tiktok ရုပ်သံကိုတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ ပေါ်ကတဆင့် “ဟေး… မဲသွားပေးဖို့ မမေ့ကြနဲ့နော်… တန်ဖိုးရှိတဲ့ မဲတပြားအတွက် #IVoteMM #MMHypeHouse2020 #VoteMyanmar2020 #LetsGoVote2020Myanmar”လို့ ရေးသားပြီး မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

       “ချစ်တို့ကို ပြောစရာရှိတယ်… ပရိသတ်ကြီးကို ချစ်တယ်… ဒီနိုင်ငံကြီးကိုလည်း ချစ်တယ်… ကိုယ့် နိုင်ငံရဲ့ တောက်ပတဲ့ အနာဂတ်တွေအတွက် မဲသွားပေးကြမယ်နော်… ဟေး… မမေ့ကြနဲ့နော်”

       အသက် ၃၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသမီး အေးမြတ်သူဟာ ဆယ်ကျော်သက်အရွယ်ကစလို့ မော်ဒယ်တယောက်အနေနဲ့ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာခဲ့သူဖြစ်ကာ နောက်ပိုင်းမှာတော့ ကြော်ငြာနဲ့ သရုပ်ဆောင်အနုပညာ လမ်းကြောင်းဘက်မှာပါ အောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။

       ရုပ်သံစီးရီးစ်တွေ၊ ရုပ်ရှင်ကားကြီးပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အေး မြတ်သူဟာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေမှာ “ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား”၊ “ငဘ”၊ “ခေါက်ထီးကလေး မလုံ့တလုံ”စတဲ့ ရုပ်ရှင်တွေနဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆန် ကာတင်စာရင်းတွေမှာ ပါဝင်ခဲ့ပေမယ့် မရရှိခဲ့ပဲ ၂၀၁၈ ခုနှစ်အတွက် “နောင်တွင်ဥဒါန်း တွင်စေသတည်း”ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့အကယ်ဒမီဆုကို ဆွတ်ခူးရ ရှိထားခဲ့တာ ဖြစ်ပါတယ်။

       အေးမြတ်သူကိုတော့ ပရိသတ်တွေက ပရဟိတလုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်လေ့ရှိတဲ့ သရုပ်ဆောင်မင်းသမီးတယောက်အနေနဲ့ သိ ထားကြတာဖြစ်ပြီး သိပ်မကြာခင်ကလည်း အမျိုးသမီးတွေ တန်းတူညီမျှ အခွင့်အရေး ရရှိနိုင်စေရေးအတွက် ထောက်ခံအားပေးတဲ့ အနေနဲ့ ပြုလုပ်တဲ့ #SheCounts ကမ်ပိန်း မှာ ပါဝင်ခဲ့ပါသေးတယ်။

       ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ ကိုဗစ်ကာလအတွင်း လိုအပ်နေတဲ့ အောက်စီဂျင် အသက်ရှူစက် ၈ လုံးအတွက် တန်ဖိုးငွေကျပ် သိန်း ၅၀ ကျော်ကို သူ့ရဲ့ ပရိသတ်တွေနဲ့အတူ လှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013