DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားပြည်သူများအား မခြိမ်းခြောက်ရန် EAOs အဖွဲ့များကို တပ်မတော်တိုက်တွန်း 
DVB
·
November 3, 2020
တိုင်းရင်းသားပြည်သူများအား မခြိမ်းခြောက်ရန် EAOs အဖွဲ့များကို တပ်မတော်တိုက်တွန်း 
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ဒေသခံ တိုင်းရင်းသားပြည်သူတွေကို ခြိမ်းခြောက်မှုမပြုဘဲ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားခွင့်ရရှိရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အန်စီအေ လမ်းကြောင်းနဲ့အညီ ဆောင်ရွက်သွားနိုင်ရေး တပ်မတော်က တိုက်တွန်းလိုက်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့စပ်လျဉ်းပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း EAOs အဖွဲ့တွေနဲ့ပတ်သက်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၂ ရက် သန်းခေါင်လောက်မှာ  သဘောထားကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။ 

အန်စီအေ ၃ နှစ်ပြည့်အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထာဝရ ငြိမ်းချမ်းရေးကို ၂၀၂၀ ပြည့်နှစ်မှာ ပြည်သူ့လက်ဝယ်အရောက် အပ်နှင်းမယ်လို့ ပြောကြားခဲ့ပေမယ့်  ထာဝရငြိမ်းချမ်းရေးရရှိဖို့ EAOs တွေက စိတ်ဆန္ဒပြင်းပြမှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိမှာ ဖြစ်တယ်၊ ပကတိအခြေအနေမှာ EAOs တချို့က အင်အားတည်ဆောက်ပြီး ငြိမ်းချမ်းရေးကို နှောင့်နှေးစေတဲ့ အပြုအမူတွေ လုပ်ဆောင်ခဲ့လို့ ငြိမ်းချမ်းရေးအတွက် နှောင့်နှေးခဲ့တယ်လို့ အပြစ်တင်ထားပါတယ်။

ဒါ့အပြင် ၂၀၂၀ နိုဝင်ဘာလ ၈ ရက်မှာ  ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒေသခံပြည်သူလူထုရဲ့ လွတ်လပ်စွာဆန္ဒမဲပေးခွင့်ဆုံးရှုံးမှုတွေဖြစ်ပေါ်စေခဲ့တယ်၊ အရင်က မြို့နယ် ၉ မြို့နယ်မှာသာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပေမဲ့ ခုအခါ  ၁၅ မြို့နယ်နဲ့ တချို့မြို့နယ်တွေမှာ ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းတချို့ရဲ့ နှောင့်ယှက်ဖိအားပေးမှုကြောင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အရေးပါတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို တိုးတက်မှု နှောင့်နှေးစေတဲ့အပြင် တချို့ဒေသတွေမှာ ဒီမိုကရေစီရဲ့ အရေးပါသည့် တိုင်းရင်းသားပြည်သူတွေရဲ့ မဲပေးခွင့်တွေလည်း  ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။ 

ဒါ့အပြင် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်နိုင်ခြင်းမရှိလို့ ဒီမိုကရေစီအခွင့်ရေးတွေ ဆုံးရှုံးခဲ့ရသလို၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လွှမ်းမိုးထားတဲ့ တချို့သော မြို့နယ်နဲ့ ကျေးရွာတွေမှာ  အုပ်ချုပ်ရေးမှူးတွေ ခန့်အပ်နိုင်မှုမရှိတာ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေ ခန့်အပ်ဖွဲ့စည်းနိုင်မှုမရှိတာကြောင့် လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး  ခက်ခဲတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။ 

ဒါပေမဲ့ ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အကြောင်း အမျိုးမျိုးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ဒေသတွေမှာ ကြားဖြတ်ရွေးကောက်ပွဲကို  လုံခြုံချောမွေ့စွာဖြင့် ဆောလျင်စွာ ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ ဒီလို ဆောင်ရွက်နိုင်ရေးအတွက်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ မိမိတို့နဲ့ မသက်ဆိုင်တဲ့နေရာတွေမှာ ဝင်ရောက်နေရာယူတာ၊ လှုပ်ရှားဆောင်ရွက်တာတွေမလုပ်ဖို့နဲ့ အမြန်ဆုံးပြန်လည်ထွက်ခွာဖို့ လိုအပ်တယ်လို့ တပ်မတော်က တိုက်တွန်းလိုက်ပါတယ်။

လက်ရှိအစိုးရ လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၂)ဖွဲ့နဲ့ အန်စီအေ လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံလို့ အမည်ပြောင်းလဲ ကျင်းပနိုင်ခဲ့ပေမဲ့ ငြိမ်းချမ်းရေးအတွက် သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ ရရှိခြင်း မရှိသေးဘူးလို့လည်း တပ်မတော်ကြေညာချက်မှာ ဖော်ပြပါတယ်။

တပ်မတော်ရဲ့ အဆိုပါ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရဘက်ကတော့ ပြန်လည်တုံ့ပြန်တာမရှိသေးပါဘူး။

၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး  တိုင်းရင်းသား လက်နက်ကိုင် EAOs  အဖွဲ့တချို့ကတော့သူတို့ရဲ့ နယ်မြေမှာ နိုင်ငံရေးပါတီတွေကို လွပ်လပ်စွာမဲဆွယ်စည်းရုံးခွင့်ပြုတဲ့ အကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့ကတော့ မဲဆွယ်စည်းရေးဆောင်ရွက်နေတဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကို ဖမ်းဆီးထားပြီး ရွေးကောက်ပွဲ ကျင်းပဖို့ ၅ ရက်အလို ယနေ့အချိန်အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013