DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀၀၀ ကျော်ရှိသည့် မြို့နယ် ၅ ခုအထိ ရှိလာ
DVB
·
November 3, 2020
ရန်ကုန်တိုင်းတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀၀၀ ကျော်ရှိသည့် မြို့နယ် ၅ ခုအထိ ရှိလာ
Donate to DVB

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာတနိုင်ငံ လုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အများဆုံး ၂၀၀၀ ကျော်ရှိတဲ့ မြို့နယ်ပေါင်း ၅ မြို့နယ်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီမြို့နယ်တွေထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြောက်ဉက္ကလာပ မြို့နယ်က ကိုဗစ်-၁၉ ပိုးတွေ့လူနာဦးရေ ၂,၈၅၉ ယောက်နဲ့ အများဆုံးဖြစ်ပြီး အဲဒီနောက် မှာတော့ မင်္ဂလာဒုံမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်နဲ့ အင်းစိန်မြို့နယ် တွေက ပိုးတွေ့လူနာဦးရေ ၂,၇၉၇ ယောက်၊ ၂,၅၂၇ ယောက်၊ ၂,၄၃၆ ယောက်နဲ့ ၂,၃၀၉ ယောက်စီ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၇ လကျော် ရှိ လာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၅၄,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံ လုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၅၄,၆၀၇ ယောက်ရှိလာခဲ့ပြီ ဖြစ်ကာ သေဆုံးသူ ၁,၂၈၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၃၇,၉၅၄ ယောက် ရှိနေပါတယ်။

လတ်တလော ကိုဗစ်-၁၉ ပိုးတွေ့လူနာဦးရေ ၂,၀၀၀ ကျော်ရှိတဲ့ မြို့နယ် ၅ ခုရဲ့ နောက်မှာတော့ ရန်ကုန်တိုင်းမြို့နယ်တွေဖြစ်ကြတဲ့ မရမ်းကုန်း၊ လှိုင်၊ တာမွေ၊ ရွှေပြည် သာနဲ့ ကြည့်မြင်တိုင်မြို့နယ်တွေက လူနာအရေအတွက် ၁,၆၈၂ ယောက်၊ ၁,၅၆၆ ယောက်၊ ၁,၄၅၀ ယောက်၊ ၁,၃၉၆ ယောက်၊ ၁,၃၈၃ ယောက်စီနဲ့ ကူးစက်ခံရမှုအများဆုံး ၁၀ မြို့နယ်အနေနဲ့ အသီးသီးရှိနေကြတာ ဖြစ်ပါတယ်။

တကျော့ပြန်ကူးစက်မှုတွေ စတင်ရာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၂၆၅ ယောက်နဲ့ ရောဂါကူးစက်ခံရမှုအများဆုံးအဆင့် ၁၃ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအ တွက် ၄၁,၄၈၃ ယောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံး ဖြစ်ကာ ဒုတိယနဲ့ တတိယနေရာတွေမှာတော့ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့က ပိုးတွေ့လူနာ ၂,၀၀၀ ကျော်နဲ့ ရှိနေကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၇ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်နေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013