DVB Logo
Home
မြန်မာသတင်း
သတင်းစာဆရာများ တိုက်ခိုက်ခံရမှု ပိုများလာဟု ကုလအထွေထွေအတွင်းရေးမှူးချုပ် ပြော
DVB
·
November 2, 2020
သတင်းစာဆရာများ တိုက်ခိုက်ခံရမှု ပိုများလာဟု ကုလအထွေထွေအတွင်းရေးမှူးချုပ် ပြော
Donate to DVB

အခုနှစ်တဝက်မှာပဲ သတင်းစာဆရာတွေအပေါ် တိုက်ခိုက်တာဟာ ၂၀၁၇ ခု တနှစ်စာ ဖြစ်ခဲ့တာနဲ့ တူနေပြီး သတင်းစာဆရာတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခံရတာတွေဟာ လူ့ဘောင်အဖွဲ့အစည်းတရပ်လုံးကိုလည်း နစ်နာဆုံးရှုံးစေမမယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဆိုပါတယ်။

ဒီနေ့ကျရောက်တဲ့ သတင်းစာဆရာတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ပြစ်ဒဏ်မခံရဘဲ ကင်းလွတ်ခွင့်ရနေမှုတွေ အဆုံးသတ်ရေး အပြည်ပြည်ဆိုင်ရာနေ့မှာ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြ ပြောဆိုထားတာပါ။

သတင်းစာဆရာတွေဟာ သူတို့အလုပ်ကို ဘေးအန္တရာယ်ကင်းကင်းမလုပ်နိုင်ရင် အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ မဟုတ်မမှန်သတင်းနဲ့ လုပ်ကြံသတင်း ကပ်ရောဂါကြီးကနေ ကင်းဝေးအောင် ခုခံကာကွယ်ပေးမယ့် အရေးကြီးတဲ့ အကာအကွယ်တခုကို ဆုံးရှုံးကြရမယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က  အန်ထိုနီယို ဂူတာရက်က ပြောပါတယ်။

သတင်းစာဆရာတွေကို ကာကွယ်စောင့်ရှောက်မပေးနိုင်ရင် သတင်းအချက်အလက်တွေကို အဆက်မပြတ် လက်လှမ်းမီရရှိနိုင်စွမ်း၊ သက်သေအထောက်အထားအခြေခံတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စွမ်းတို့အပေါ် ကြီးကြီးမားမား ထိခိုက်မယ်လို့လည်း ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ်ရဲ့ ပထမနှစ်ဝက်ထဲမှာပဲ ဆန္ဒထုတ်ဖော်တာတွေကို သတင်းယူနေတဲ့ သတင်းစာဆရာတွေကို တိုက်ခိုက်တာ အနည်းဆုံး ၂၁ ခု ရှိခဲ့ပြီး ဒါဟာ ၂၀၁၇ ခုနှစ် တနှစ်လုံးမှာ ဖြစ်ပေါ်ခဲ့တဲ့ အရေအတွက်နဲ့ တူညီနေတယ်လို့ ဆိုပါတယ်။

ပြီးတော့ သတင်းစာဆရာတွေဟာ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ကြရာမှာ တရားစွဲဆိုတာ၊ ဖမ်းဆီးတာ၊ ထောင်ချဖို့ ခြိမ်းခြောက်ခံရတာတွေ၊ သတင်းယူခွင့်ပြုဖို့ ငြင်းဆန်တာတွေနဲ့ သူတို့အပေါ် ကျူးလွန်တဲ့ပြစ်တွေကို စုံစမ်းစစ်ဆေး တရားစွဲဆိုဖို့ ပျက်ကွက်တာလိုမျိုး ကန့်သတ်ချက်တွေ၊ အခက်အခဲတွေကိုလည်း ကြုံတွေ့နေကြရတယ်လို့ အန်ထိုနီယိုက ဆိုပါတယ်။

အချက်အလက်မှန်ပေါ် အခြေခံတဲ့ သတင်းတွေနဲ့ စိစစ်လေ့လာမှုတို့ ရနိုင်ရေးဟာ “ကြောက်ရွံ့မှုနဲ့ ဘက်လိုက်မှုကင်းတဲ့ သတင်းအတတ်ပညာ”ဆိုတဲ့မူကို မြဲမြဲစွဲကိုင်ပြီး သီးခြားလွတ်လပ်တဲ့ သတင်းပေးပို့အစီရင်ခံနေတဲ့ သတင်းစာဆရာတွေကို ကာကွယ်စောင့်ရှောက်ပေးတာနဲ့ သူတို့ရဲ့ ဘေးကင်းလုံခြုံမှုတို့ပေါ်မှာ မူတည်နေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013