DVB Logo
Home
သတင်းတို
ထားဝယ်တွင် သိမ်းဆည်းလယ်မြေ ပြန်ရရေး ဆန္ဒပြ
DVB
·
July 31, 2013
ထားဝယ်တွင် သိမ်းဆည်းလယ်မြေ ပြန်ရရေး ဆန္ဒပြ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ကမြောကင်းလမ်းပေါ်မှာ ၁၉၉၀ ခုနှစ်လောက် က သိမ်းယူထားတဲ့ လယ်မြေပေါ်မှာ ၀န်ကြီးများ အိမ်ယာဆောက်လုပ်ပြီး ကျန်ရှိနေတဲ့ လယ်မြေတွေ မူလပိုင်ရှင် ပြန်မပေးပဲ ပုဂ္ဂလိက ဆေးရုံ တည်ဆောက်နေမှုကို မူလပိုင်ရှင်မိသားစုဝင်တွေက ဒီနေ့ ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒပြတဲ့ ရည်ရွယ်ချက်ကို လယ်ပိုင်ရှင် ကိုထွန်းထွန်းဝင်းက “ဒီလယ်မြေတွေက ကျနော်တို့ ဘိုးဘွားပိုင်လယ်မြေတွေပါ။ ကျနော်တို့ လယ်သမားတွေကို ဘာနစ်နာကြေးမှ မပေးဘဲ သိမ်းယူထားတာပါ။ ဒီပုဂ္ဂလိကဆေးရုံက နိုင်ငံတော် စီမံကိန်းလည်း မဟုတ်ဘူး။ ကျနော်တို့ လယ်သမားတွေကိုလုံးဝဂရုမစိုက်ဘဲ ဒီလိုမတရားလုပ်နေတာကို  မခံချင်လွန်းလို့ ဒီလိုလုပ်ဖို့ဆုံးဖြတ်လိုက်တာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၁ လကျော်ကျော်လောက်ကလည်း မတရားသိမ်းယူထားတဲ့ လယ်မြေဆိုပြီး မှုတ်ဆေးနဲ့ မှုတ်ပြီး ကန့်ကွက်ခဲ့ပြီး လယ်ယာမြေနဲ့ အခြေားမြေများ စုံစမ်းစစ်စစ်ရေးကော်မရှင်ကိုလည်း တိုင်ထားပေမယ့် အခုထိ အကြောင်း မပြန်သေးဘူးလို့ ဆိုပါတယ်။

သိမ်းဆည်းခံထားရတဲ့ တခြားလယ်သမားတွေလည်း ကန့်ကွက် တိုင်ကြားထားတယ်လို့ ကိုထွန်းထွန်းဝင်းက ပြောပါတယ်။

“ကျနော်နည်းတူ ကျန်နစ်နာနေတဲ့ လယ်သမားတွေ အများကြီးဗျ။ သူတို့လည်းကျနော်လိုဘဲ ကန့်ကွက်ထားကြတယ်ဗျ။ သူတို့လည်း ကြာရင် မခံနိုင်ဘဲ ဆန္ဒပြကြမှာဘဲ။ ဒေသဖွံ့ဖြိုးရေးကို အမှန်တကယ် ရြေည်ရွယ်တယ်ဆိုရင် ကျနော်တို့လယ်သမားတွေနဲ့ ဆင်းရဲသားတွေရဲ့ဘ၀ကို အရင်မြှင့်ရမှာ အခုတော့ ခရိုနီတွေဘဲ ကောင်းစားနေကြတယ်။ သမ္မတပြောတဲ့ ဆင်းရဲမွဲတေမှုပပျောက်ရေးကို ဂရုမစိုက်ဘဲ ထင်ရာ လုပ်နေကြတဲ့သဘောဘဲ။ ကျနော်တို့နဲ့ အရင် ပွင့်လင်းမြင်သာစွာ ညှိနှိုင်းပြီးမှ ဆောက်ပါလို့ ဒီနေ့ ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013