DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာအသစ် ၁၂၁၀ တွင် ရန်ကုန်တိုင်းက ၉၅၁ ဦးတွေ့ရှိ၊  အနံ့မရရှိသူ ၃၅၈ ဦးပါဝင်
DVB
·
November 1, 2020
ကိုဗစ်လူနာအသစ် ၁၂၁၀ တွင် ရန်ကုန်တိုင်းက ၉၅၁ ဦးတွေ့ရှိ၊  အနံ့မရရှိသူ ၃၅၈ ဦးပါဝင်
Donate to DVB

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် အယောက် ၁၂၁၀ ထဲမှာ ရန်ကုန်တိုင်းက ၉၅၁ ယောက် နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ  ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ လှိုင်သာယာက အယောက် ၁၁၀၊ သန်လျင်က ၉၂ ယောက်၊ မင်္ဂလာဒုံက အယောက် ၆၀၊ မရမ်းကုန်းက ၅၃ ယောက်၊ သင်္ဃန်းကျွန်း၊ လှိုင်နဲ့ သာကေတတို့က ၄၈ ယောက်စီနဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်း မြို့နယ် ၄၀ ပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်း မြို့နယ် ၁၀ ခုမှာ ၆၈ ယောက်၊ မန္တလေးတိုင်းမြို့နယ် ၁၃ ခုမှာ ၈၇ ယောက်၊ မကွေးတိုင်းမြို့နယ် ၈ ခုမှာ ၁၇ ယောက်၊ ရခိုင်ပြည်နယ် မြို့နယ် ၆ ခုမှာ ၁၅ ယောက်၊ ဧရာဝတီတိုင်း မြို့နယ် ၈ ခုမှာ ၂၈ ယောက်၊ မွန်ပြည်နယ် မြို့နယ် ၅ ခုမှာ ၁၄ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၉ ခုမှာ ၁၆ ယောက်၊ နေပြည်တော် မြို့နယ် ၃ ခုမှာ ၃  ယောက်၊ တနင်္သာရီတိုင်း မြို့နယ် ၂ ခုမှာ ၃ ယောက်၊ ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ ၁ ယောက်၊ ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့မှာ ၁ ယောက် အသီးသီး တွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၅၈ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၃၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၅၂၇၀၆ ယောက်၊ သေဆုံးသူ ၁၂၃၇  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၃၂၇၇၄  ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၆ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၃ ဒသ ၅ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013