DVB Logo
Home
မြန်မာသတင်း
အမေရိကန်ကုန်သွယ်ရေးအဖွဲ့ ပထမဆုံးအကြိမ် လာရောက်ဆွေးနွေး
DVB
·
July 30, 2013
Donate to DVB

အမေရိကန်ကုန်သွယ်ရေးဌာနက အဆင့်မြင့်အရာရှိတဦးဖြစ်တဲ့ အကြီးတန်းအတွင်းဝန် Ms Marianne Guerin-Mcmanus ဦးဆောင်တဲ့အဖွဲ့ဟာ မြန်မာနိုင်ငံမှာ အသစ်ပြန်လည်ပြဋ္ဌာန်းထားတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဥပဒေနဲ့ပတ်သက်ပြီး ဇူလိုင် ၂၉ ရက်နေ့က လာရောက်ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေနဲ့ ပတ်သက်ပြီး သိချင်တာလေးကို လာမေးတာပါ။ ယူအက်စ်အေက ဒါပထမဆုံးပါ။ သူတို့ သဘောကျပါတယ်။ ဒီဟာ ပတ်သက်ပြီး လုပ်ကိုင်ထားတာလေတွေကို သဘောကျပါတယ်။ တခြားကတော့ ကျနော်တို့ သီးခြား တွေ့ဆုံဆွေးနွေးတာ မရှိပါဘူး ဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘယ်လိုလုပ်မလဲ၊ သိချင်တာတွေ မေးတယ်။ ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုတိုးတက်မှု ရှိသလဲ ဥပဒေတွေ ပြဌာန်းပြီးနောက်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုတိုးလာသလဲ ဒါလေးတွေ သိချင်တာ မေးတာပါ။”

ဒီကုန်သွယ်ရေးဌာနက မြန်မာနိုင်ငံဆီ ပထမဆုံးအကြိမ်လာရောက်တာဖြစ်တာကြောင့် မြန်မာ-အမေရိကန် စီးပွားရေးဆက်ဆံမှုက ပိုမိုနီးကပ်လာတဲ့သဘောမှာ ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ် စိတ်ဝင်စားမှုရှိတာကြောင့်လည်း အခုလို လာရောက်ဆွေးနွေးတာလို့ ဆိုပါတယ်။

“ကျနော်တို့ ဌာနကြီးကို ကိုယ်တိုင် လာပြီးတော့ သိချင်တာတွေ လာမေးတယ်။ သူတို့ စိတ်ဝင်စားတယ်လို့ပဲ သုံးသပ်တယ်၊ စိတ်ဝင်စားစရာ မရှိဘူးဆိုလို့ရှိရင် လာမေးစရာ အကြောင်းမရှိဘူး။”

အလားတူ ဇူလိုင် ၁၀ ရက်နေ့ကလည်း အမေရိကန်-အာဆီယံစီးပွားရေးကောင်စီအဖွဲ့က မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအပေါ် အကူအညီတွေပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်စိန် အပါအ၀င် လွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံရေးပါတီက ထိပ်တန်းခေါင်းဆောင်တွေ၊ ဌာနဆိုင်ရာ အဆင့်မြင့်ပုဂ္ဂိုလ်တွေ၊ စီးပွားရေး အသင်း အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သူတို့လာတဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့ စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်တွေအပေါ် အကူအညီပေးဖို့၊ ပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့အခါ အမေရိကန်ကုမ္မဏီတွေအနေနဲ့ မြန်မာနိုင်ငံသားတွေ အကျိုးရှိစေမယ့် လူမှုအကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ လုပ်ငန်းမျိုးတွေပဲ အလေးထား ဆောင်ရွက်သွားဖို့ရှိတဲ့အကြောင်း ပြောဆိုဆွေးနွေးခဲ့တယ်လို့ ကောင်စီအဖွဲ့က ဇူလိုင် ၁၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံထားရှိမှုပမာဏက ဇွန်လ ၃၀ ရက်နေ့အထိ ကန်ဒေါ်လာ ၂၄၃ သန်းကျော်ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013