DVB Logo
Home
မေးမြန်းခန်း
အေဘီအက်စ်ဒီအက်ဖ်နှင့် အစိုးရ ဘားအံတွင် ဆွေးနွေးမည်
DVB
·
July 30, 2013
အေဘီအက်စ်ဒီအက်ဖ်နှင့် အစိုးရ ဘားအံတွင် ဆွေးနွေးမည်
Donate to DVB

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) ဥက္ကဋ္ဌ  ရဲဘော်သံခဲ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ကရင်ပြည်နယ် ဘားအံ့မြို့မှာ လာမယ့် ဩဂုတ်လ ၂၃ ရက်နေ့ ဆွေးနွေးကြမယ်လို့ မကဒတ က ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

၂၀၁၂ ခုနှစ်ကတည်းက အဆင့်ဆင့် အလွတ်သဘော တွေ့ဆုံညှိနှိုင်းခဲ့ကြပြီးနောက် နောက်ဆုံးဖြစ်ထွန်းမှု ဖြစ်ပါတယ်။  မကဒတ အနေနဲ့ နှစ်ဘက်ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီး ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်သလို ဆွေးနွေးပွဲရလဒ်တွေကိုလည်း တိုင်းရင်းသားပြည်သူတွေထံ တင်ပြသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ မကဒတ ဥက္ကဋ္ဌ ရဲဘော်သံခဲနဲ့ မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။




 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013