
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလ ကျရောက်တဲ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့ညချမ်းချိန်ခါမြင်ကွင်းတွေဖြစ်ပါတယ်။
ပြီးခဲ့သည့်နှစ်တွေက တန်ခိုးကြီး ဘုရားစေတီပုထိုးတွေမှာ ဆီမီးထွန်းတာ၊ လူကြီးမိဘများကန်တော့တာ၊ အလှူအတန်းပြုလုပ်တာတွေနဲ့ ဖြတ်သန်းလေ့ရှိကြပါတယ်။
အခုနှစ်မှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာစတင်တွေ့ရှိခဲ့တဲ့ မတ်လကုန်ပိုင်းကစပြီး လူစုလူဝေးမပြုလုပ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာချိန်ကစပြီး ဘုရားစေတီပုထိုးတွေမှာလည်း ဖူးမြော်ခွင့်ပိတ်ခဲ့တာပါ။
အခု သီတင်းကျွတ်ကာလကို ကိုဗစ်စည်းစည်းကမ်းတွေနဲ့အညီ နေအိမ်တွေမှာသာ ဖြတ်သန်းနေကြရတာလည်း ဖြစ်ပါတယ်။










