DVB Logo
Home
မြန်မာသတင်း
လွန်ခဲ့သည့် ၅ နှစ်က ဇေကမ္ဘာဝင်းအတွင်း စံချိန်တင်စိတ်ကြွဆေးအမှု အဓိကတရားခံမိပြီ
DVB
·
October 31, 2020
လွန်ခဲ့သည့် ၅ နှစ်က ဇေကမ္ဘာဝင်းအတွင်း စံချိန်တင်စိတ်ကြွဆေးအမှု အဓိကတရားခံမိပြီ
Donate to DVB

၂၀၁၅ ခုနှစ်က ရန်ကုန် ဇေကမ္ဘာဝင်းထဲမှာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆.၇ သန်း ဖမ်းမိခဲ့တဲ့ အမှုက အဓိက ထုတ်လုပ်သူနဲ့ ရောင်းဝယ်စီမံသူကို ဖမ်းမိပြီလို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

၂၀၁၅ ခုနှစ် ဇူလိုင်လတုန်းက ရန်ကုန်မြို့၊ ဇေကမ္ဘာဝင်းထဲမှာ ကွန်တိန်နာကားနဲ့အတူ စိတ်ကြွရူးသွပ်ဆေးပြား ၂၆.၇ သန်းကို ဖမ်းမိခဲ့ပြီး အဲဒီအချိန်ကတည်းက သယ်ဆောင်သူနဲ့ ဆက်စပ်သူ ၈ ယောက်ကို  ဖမ်းဆီးရမိပြီး ဥပဒေနဲ့အညီ အရေးယူခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီမူးယစ်ဆေးဝါးတွေရဲ့ အဓိကထုတ်လုပ်သူ/ရောင်းဝယ်စီမံသူ တရားခံပြေး အသက် ၂၉ နှစ်အရွယ် ဝမ်တာချိန်နဲ့ အဖွဲ့ကို ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ဒေသ၊ အထူးစစ်ဆင်ရေးမှာ ဩဂုတ်လ ၁၅ ရက်က ဖမ်းဆီးရမိခဲ့ပြီလို့ မူးယစ်ထိန်းချုပ်ရေး ဗဟိုကော်မတီက ဒီနေ့ အသိပေးထုတ်ပြန်ပါတယ်။

ဒါ့အပြင် မနေ့က မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးပေါ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၈၉ သိန်းနဲ့ ဖမ်းဆီးရမိတဲ့ယာဉ်ကိုလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေမှာကတည်းက ခြေရာခံမိခဲ့တာဖြစ်ပေမယ့် အဓိကတရားခံနဲ့ လွှဲပြောင်းလက်ခံမယ့် ကွင်းဆက်ရရှိဖို့ ရန်ကုန်အဝင်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အဲဒီ မူးယစ်ဆေးဝါးတွေကို ရန်ကုန်မှာ ထိန်းသိမ်းသိုလှောင် ပြင်ဆင်ထုပ်ပိုးပြီး တဆင့်ဆက်ပို့မယ့် အခြေအနေရှိတာကြောင့် တခြားနေရာတွေက  ကွင်းဆက်တရားခံတွေ ထပ်မံဖော်ထုတ်သွားမှာဖြစ်လို့ အချို့တရားခံ အမည်/နေရပ်တွေ မဖော်ပြတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မှာ အထူးစစ်ဆင်ရေးတွေနဲ့ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး လုပ်ခဲ့ပြီး လတ်တလော တရားခံ မမိသေးတဲ့ ဖြစ်စဉ်တွေ ရှိပေမဲ့ ရဲတပ်ဖွဲ့ရဲ့ တရားခံပြေးစာရင်းမှာ ပျောက်ပျက်မသွားဘဲ တချိန်ချိန်မှာ ဆက်စပ်ဖော်ထုတ် ဖမ်းဆီးရမိတဲ့ အခြေအနေတွေရှိ တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013