DVB Logo
Home
မြန်မာသတင်း
စစ်တွေ ဆန္ဒပြခေါင်းဆောင် ၂ ဦးကို စွဲချက်တင်
DVB
·
July 30, 2013
Donate to DVB

နိုင်ငံသားမဟုတ်တဲ့ ဒုက္ခသည်တွေကို လုံချင်းအိမ်ရာဆောက်လုပ်ပေးတဲ့ လုပ်ရပ်အပေါ်  ခွင့်ပြုချက်မရဘဲ ဆန္ဒပြမှုမှာ ဦးဆောင်တယ်ဆိုပြီး ရခိုင်ပြည်နယ် စစ်တွေမြို့တရားရုံးက မြို့ခံ ဒေါ်ညိုအေးနဲ့ ဦးကျော်ဇောဦးတို့ ၂ ဦးကို စွဲချက်တင်လိုက်ပါတယ်။

သူတို့ ၂ ဦးဟာ ဒီနှစ် မတ်လဆန်းက စစ်တွေမြို့မှာ ဖြစ်ခဲ့တဲ့ လူထောင်ချီ ပါဝင်တဲ့ဆန္ဒပြပွဲကို ဦးဆောင်တယ်လို့ တရားစွဲဆို စစ်ဆေးခံနေရတာဖြစ်ပြီး ဇူလိုင် ၂၆ ရက်နေ့မှာ စွဲချက်တင်ခဲ့တာပါ။  နောက်တကြိမ်ရုံးချိန်းကို လာမယ့်ဩဂုတ် ၅ ရက်နေ့ကို ချိန်းဆိုထားပါတယ်။

နိုင်ငံသားစိစစ်မှု မပြီးပြတ်သေးခင် အစိုးရအသိအမှတ်ပြုမှုနဲ့ တူရကီအဖွဲ့အစည်း တီကာ (TIKA) က ဘင်္ဂါလီဒုက္ခသည်တွေအတွက် လုံးချင်းအိမ်တွေ ဆောက်လုပ်ပေးမယ့်ကိစ္စကို ကန့်ကွက် ဆန္ဒပြခွင့်ပေးဖို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ခွင့်တောင်းပေမယ့် မရတာကြောင့် မတ် ၇ ရက်နေ့မှာ စစ်တွေမြို့မှာ ဆန္ဒပြခဲ့ကြတာလို့ ဒေါ်ညိုအေးက ပြောပါတယ်။

ဆန္ဒပြတဲ့ညနေမှာပဲ အဖမ်းခံရပြီး အာမခံနဲ့ လွတ်ရာက ၁ လခွဲကျော်အကြာမှာ တရားစွဲဆိုထားတာဖြစ်ပြီး ဇူလိုင် ၂၆ ရက်နေ့မှာ စွဲချက်တင်လိုက်တာပါ၊

ဒေါ်ညိုအေးက “သူတို့ဟာ ကျမတို့ နိုင်ငံသားမဟုတ်တဲ့အတွက် နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားခြင်း ရှိတဲ့လူတွေက ပါဝင်တာ နည်းသေးတယ်။ နောက်ပြီးတော့ သူတို့ဟာ ကျမတို့ နိုင်ငံသားမဟုတ်ဘူး၊ ခိုးဝင်လာသူများနေတယ်။ လုံးချင်းအိမ်ရာ ဆောက်ပေးလိုက်ခြင်းအားဖြင့် ပြဿနာတွေ တော်တော်ကြီး ရင်ဆိုင်ရနိုင်ဖွယ်ရှိတယ်ဆိုတာ ကျမတို့ သုံးသပ်လို့ရတယ်။ အဲဒါကြောင့် ကျမတို့ မိုးတွင်းအချိန်မရောက်မီ သူတို့ကို အမိုးအကာအောက်ရောက်ဖို့အတွက်ကို ကျမတို့က တန်လျားဆောက်ပေးဖို့ တောင်းဆိုတယ်။ နောက်ပြီးတော့ ၁၉၈၂ ခုနှစ် အခြေခံ ဥပဒေအရ သူတို့ကို လေ့လာစိစစ်ပြီးတော့ အစိုးရပိုင်။အနေနဲ့ ကိုင်တွယ်တဲ့နေရာမှာ လွယ်ကူချောမွေ့ဖို့အတွက် ကျမတို့က အဲဒီတောင်းဆိုမှုတွေ ပြုထားတယ်” လို့ ပြောပါတယ်။

ဒီဆန္ဒပြပွဲတွေအပြီးမှာ လုံးချင်းအိမ်ရာ အနည်းငယ်သာပါရှိပြီး တန်းလျားတွေကို ဆောက်ပေးနေတာ တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

အလားတူ လိုလားချက်တွေကို ထုတ်ဖော်ဆန္ဒပြခဲ့ကြလို့ ရသေ့တောင်မြို့နယ်က ၃ ယောက်၊ ကျောက်တော်မြို့က ၄ ယောက်နဲ့ တောင်ကုတ်မြို့က ၃ ယောက်ကိုလည်း  ပုဒ်မ၁၈ နဲ့ စွဲချက်တင်ထားတယ်လို့ ဒေါ်ညိုအေးက ပြောပါတယ်။

ဒီဆန္ဒပြမှုတွေနဲ့ တချိန်တည်းလိုလိုဖြစ်ခဲ့တဲ့ ကျောက်ဖြူ မဒေးကျွန်းက ၁၂ ယောက်ကိုလည်း ပုဒ်မ ၁၈ နဲ့ စွဲဆိုခံထားရတယ်လို့ ဆိုပါတယ်။ မဒေးကျွန်းက ဆန္ဒပြပွဲကတော့ ဂက်စ်ပိုက်လိုင်းကြောင့် လယ်မြေသိမ်းခံရသူတွေက ထိုက်သင့်တဲ့လျော်ကြေးရလိုမှု၊ လမ်းမ ကောင်းတာနဲ့ မီးမလာစတဲ့လိုလားချက်တွေကြောင့် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ရဲ့တောင်းဆိုချက်ထဲမှာ ပါတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားအက်ဥပဒေအရ ဘင်္ဂါလီတွေကို စိစစ်ရေးကတော့ အစိုးရဘက်က ဆွဲတင်စစ်ပရိုဂရမ်ကို စတင်တဲ့နေ့မှာပဲ အဓိကရုဏ်း ဆန်ဆန်ဖြစ်ပွားပြီး ရပ်တန့်ထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013