DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တ၀န်း ရေလွမ်း
DVB
·
July 30, 2013
ကရင်ပြည်နယ်တ၀န်း ရေလွမ်း
Donate to DVB

အဆက်မပြတ် ရွာသွန်းတဲ့မိုးကြောင့် မြစ်ချောင်းတွေ ရေလျံပြီး ကရင်ပြည်နယ် လှိုင်းဘွဲ့တမြို့လုံးနီးပါး ရေလွှမ်းနေသလို ပြည်နယ်မြို့တော် ဘားအံမြို့မှာလည်း ရေကြီးမှုကြောင့် ရေဘေးဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးစခန်း ၁၂ ခုလောက် ဖွင့်လှစ်ထားရပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့မှာ  မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် တောင်ကျရေ အရှိန်နဲ့ လှိုင်းဘွဲ့ချောင်းရေ မြင့်တက်လာတဲ့အတွက် လှိုင်းဘွဲ့မြို့ပေါ်ရပ်ကွက်တွေ အားလုံးနီးပါး ရေဘေးဒဏ်ခံစားနေရတယ်လို့ မြို့ခံ ဦးချစ်တင်က ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_42039" align="alignright" width="300" caption="(ဓာတ်ပုံ – Nandakyawthu Soe / Facebook)"][/caption]

"ဇူလိုင် ၂၇ ရက်နေ့ကတည်းက  ရေစတက်ခဲ့တာဖြစ်ပြီး  အခုချိန်ထိ ရေမကျသေးဘဲ  မြို့ပေါ် ရပ်ကွက် ၄ ခုလုံး ရေလွမ်းမိုးမှုဖြစ်ရတာလို့ ပြောပါတယ်။“၂၇ ရက်နေ့က ရေစတက်တယ်၊ ရေက တက်တာ မြန်တယ်။ ၂၈ ရက်နေ့က ပြောင်းကြတာပေါ့။ အခု ၂၉၊ ၃၀ ရှိပြီ။ အိမ်တွေတော့ မြုပ်ကြတယ်။ အောက်ထပ်တွေကတော့ အိမ်တိုင်းလိုလို မြုပ်တာပဲ။ တထပ်ရှိတဲ့ အိမ်ဆိုရင်ပြောင်းပေါ့။ ဘုံလယ်ရာမြေ ဆိုရင် ခေါင်အထိ မြုပ်သွားတယ်၊ (က) ရပ်ကွက်ပေါ့။ အခုတော့ မီးသတ်က အဖွဲ့ဝတ်စုံတွေနဲ့ လိုက်ကူညီတာလည်းရှိပါတယ်၊ ပြောင်းရွေ့လို့ မရတဲ့ဟာလေးတွေပေါ့။"

နေအိမ်တွေ ရေမြုပ်သွားတဲ့ မိသားစုတွေ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေဆီ ပြောင်းရွှေ့ကြရပြီး ကျောင်းတွေအားလုံးလည်း ပိတ်ထားရပါတယ်။

ဒါ့ပြင် ကားလမ်းတွေ ရေမြုပ်ကုန်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားသလို မြို့နီးနားတ၀ိုက်က လယ်မြေတွေလည်း ရေနစ်မြုပ်ကုန်လို့ စိုက်ပျိုးသီးနှံတွေ ပျက်စီးမယ့် အနေအထား ဖြစ်နေပါတယ်။

လှိုင်းဘွဲ့မြို့မှာ လူနေအိမ်ခြေ ၅ ထောင်လောက်ရှိပြီး အရင်ကလည်း နှစ်စဉ် ရေကြီးလေ့ရှိပေမယ့်  ဒီနှစ် ရေကြီးမှုဟာ  အရင်နှစ်တွေထက် ပိုမိုဆိုးရွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အလားတူ ကရင်ပြည်နယ် ဘားအံမြို့မှာလည်း  ဇူလိုင် ၂၈ ရက်နေ့ကစပြီး သံလွင်မြစ်ရေ တက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ၁ ၊ ၂ နဲ့ ၅  ရပ်ကွက်တွေက ဒေသခံတချို့ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေမှာ ပြောင်းရွှေ့နေကြရတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒီရေကြီးမှုကြောင့် ရေကြီးရပ်ကွက်က ကျောင်းတွေပိတ်ထားရပြီး ရေဘေးဒုက္ခသည် ၈ ထောင် လောက်အတွက် အာဏာပိုင်တွေက ကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့်လှစ်ပေးထားပါတယ်။

ဦးချစ်တင်က “လောလောဆယ် အာဏာပိုင် အဖွဲ့အစည်းတွေကတော့ တပ်ရော မြို့နယ် အုပ်ချုပ်ရေးမှူးရော ကျန်းမာရေး ဌာနကရော အကုန်လုံး တချို့ စခန်းတွေက သိပ်ဆိုးဆိုးရွာရွာတော့ မရှိပါဘူးတဲ့။ ၀မ်းသွားတာ တဦး နှစ်ဦးလောက်နဲ့ ကိုယ်ဝန်ဆောင်တဦး ဆေးရုံပို့ ဒါလောက်ပဲ ရှိတယ်။ ဝေတာကမ်းတာ ဆန်အဓိက။ နောက် ခေါက်ဆွဲတို့ ကြက်ဥတို့ ဘယ်သူက ဝေပေးသလဲဆိုတော့ အလှူရှင်တွေကနေပြီးတော့ လာလှူဒါန်းတဲ့ ပိုက်ဆံတွေနဲ့ အာဏာပိုင် အဖွဲ့အစည်းက ပြန်ပြီးတော့ လှူတာပေါ့။ ၁ သောင်းထည့်တာတို့၊ ၅ သောင်းထည့်တာတို့၊ အဲဒီပိုက်ဆံတွေနဲ့ ပေါင်းပြီး ပစ္စည်းဝယ်ပြီးတော့ ရေဘေးစခန်းတွေကို ပေးတာ” လို့ ပြောပါတယ်။

ကရင်ပြည်နယ်  မြ၀တီ၊ ကော့ကရိတ်မြို့နယ်တွေမှာလည်း ရေကြီးမှုတွေနဲ့ ကြုံတွေ့ နေရပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း  တာချီလိတ်၊  မိုင်းဆတ်နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့တွေမှာ လည်း ရေကြီးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013