DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံတွင် တရားခံပြေး ၂ ဦးနှင့်အတူ ကျပ်သန်း ၅၀၀၀ ကျော်တန်ဖိုးရှိ  စိတ်ကြွဆေးများဖမ်းမိ
DVB
·
October 31, 2020
မင်္ဂလာဒုံတွင် တရားခံပြေး ၂ ဦးနှင့်အတူ ကျပ်သန်း ၅၀၀၀ ကျော်တန်ဖိုးရှိ  စိတ်ကြွဆေးများဖမ်းမိ
Donate to DVB

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ ငွေကျပ်သန်းပေါင်း ၅၀၀၀ ကျော်တန်ဖိုးရှိတဲ့  စိတ်ကြွရူးသွပ်ဆေးပြားတွေကို ကွင်းဆက်တရားခံပြေး ၂ ယောက်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့ မနက် ၅ နာရီလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းမကြီး မိုင်တိုင်အမှတ် ၅ နဲ့ ၆ ကြားမှာ NISSAN DIESEL အမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ယာဉ်ပေါ်မှာ စိုင်းသိန်းနိုင် (ခ) စိုင်းရွှေနဲ့ တင်ဆန်းဦးတို့ ၂ ယောက်ကို ငွေကျပ်သန်းပေါင်း ၅၃၄၀ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၈၉ သိန်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူပြီး ကွင်းဆက်တရားခံတွေကို ဖော်ထုတ်နေပြီး စိစစ်ချက်အရ စိုင်းသိန်းနိုင် (ခ)စိုင်းရွှေဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့က အင်းစိန်မြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းကျော် ဖမ်းမိတာနဲ့ ၂၀၁၉ ခုနှစ်၊ မတ် ၃ ရက်နေ့က မောင်တောမြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၈၇ သိန်းကျော် ဖမ်းမိတာရဲ့ ကွင်းဆက်တရားခံပြေးတယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

တင်ဆန်းဦးဟာလည်း ၂၀၁၉ ခုနှစ် မတ် ၂၄ ရက်နေ့က ကော့သောင်းမြို့နယ် အနောက်ဘက် ပင်လယ်ပြင်မှာ အိုက်စ် ၁၇၃၇ ကီလို ဖမ်းဆီးရမိမှုရဲ့ ကွင်းဆက်တရားခံပြေး ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013