DVB Logo
Home
မြန်မာသတင်း
ဗန်းမော်မြို့ လေယာဉ်လက်မှတ်ရောင်းသည့်အိမ်တွင် လူသတ်ဓားပြတိုက်မှုဖြစ်
DVB
·
October 31, 2020
ဗန်းမော်မြို့ လေယာဉ်လက်မှတ်ရောင်းသည့်အိမ်တွင် လူသတ်ဓားပြတိုက်မှုဖြစ်
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ဂျူဗလီလမ်းနားမှာရှိတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်လက်မှတ် ရောင်းတဲ့အိမ်မှာ အောက်တိုဘာလ ၃၀ ရက် မနက်ပိုင်းက လူသတ် ဓားပြတိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်စဉ်မှာ မနက် ၁၀ နာရီလောက်မှာ လူ ၃ ဦး လက်မှတ်ဝယ်ဟန်ဆောင်ကာ ဖခင်နဲ့ မိခင်ဖြစ်သူအား တုတ်နဲ့ရိုက်နှက်ပြီး မီးခံသေတ္တာကို ဖွင့်ခိုင်းကာ ငွေသိန်း ၂၀ လောက်အား ယူဆောင် ထွက်ပြေးသွားတာလို့ မန်နေဂျာဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့ ပြောကြားချက်အရ သိရတယ်လို့ သမီးဖြစ်သူ မနှင်းအိလင်းလက်က ပြောပါတယ်။

သီတင်းကျွတ်ပိတ်ရက်ဖြစ်တာကြောင့် အခင်းဖြစ်ချိန်က လေကြောင်းရုံးမှာ မိသားစု ၄ ဦး သာရှိတယ်လို့ ဆိုပါတယ်။

အိမ်အောက်ထပ်မှာရှိတဲ့ ဖခင်ဖြစ်သူအား အဒေါ်ဖြစ်သူက ဖုန်းခေါ်မရကြောင်း ပြောလို့ ညီအစ်မနှစ်ဦး ဆင်းကြည့်ချိန်မှာ ဖခင်ဖြစ်သူအား မီးခံသေတ္တာထားတဲ့ အခန်းမှာ လက်နဲ့ ပါးစပ်အား တိပ်နဲ့ကပ်လျက်လဲနေတာတွေ့ရကြောင်း၊ မိခင်ဖြစ်သူကတော့ မီးဖိုခန်းအတွင်း လက်အား တိပ်နဲ့ပတ်ခံထားရကာ ဦးခေါင်းမှာ သွေးထွက်ဒဏ်ရာနဲ့လဲနေတာ တွေ့ရတယ်လို့ သမီးဖြစ်သူက ပြောပါတယ်။

ဗန်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက “ကျနော်တို့သွားကြည့်တော့ ရဲတွေလည်း ရောက်နေတယ်။ အမျိုးသားကို ပါးစပ်ပိတ် ကြိုးတုပ်ပြီး ကုလားထိုင်မှာ ချည်ထားတယ်။ ကုလားထိုင်က လဲနေပြီး အမျိုးသားက သတိလစ်နေတယ်။ အမျိုးသမီးကတော့ ထိုးသွင်းဒဏ်ရာတွေနဲ့သေဆုံးနေပြီး သွေးတွေလည်း ခြောက်နေတယ်” လို့ ပြောပါတယ်။

ရိုက်နှက်ခံရတဲ့ မန်နေဂျာဖြစ်သူဟာ ဗန်းမော်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး သတိပြန်ရနေပြီလို့ ဆိုပါတယ်။

ဗန်းမော်မြို့မရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ ကျူးလွန်သူဟာ အမျိုးသား ၃ ဦးဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂/၃၂၃ နဲ့ အမှုဖွင့်ထားကာ ကျူးလွန်သူတွေကို ဖမ်းမိရေးဆောင်ရွက်နေတယ်လို့ ဗန်းမော်မြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ဇော်လင်းအောင်၊ ကျော်ဇေယျ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013