DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်းမြို့အနီး အင်အား ၃ ဒသမ ၇ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
October 31, 2020
သပိတ်ကျင်းမြို့အနီး အင်အား ၃ ဒသမ ၇ အဆင့်ရှိ မြေငလျင်လှုပ်
Donate to DVB

မန္တလေးတိုင်း သပိတ်ကျင်းမြို့မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၃ ဒသမ ၇ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

မြန်မာစံတော်ချိန် ၀၅ နာရီ၊ ၂၆ မိနစ်၊ ၂၂ စက္ကန့် အချိန်က သပိတ်ကျင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၇ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၉၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၄ ဒီဂရီ၊ အနက် ၄ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ညကလည်း သပိတ်ကျင်းမြို့မြောက်ဘက်မှာ အင်အား ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013