DVB Logo
Home
မြန်မာသတင်း
စစ်ရေးလှုပ်ရှားမှုများ နိုဝင်ဘာ ၃၀ ရက်အထိ ရပ်ဆိုင်းကြောင်း တပ်မတော်ကြေညာ
DVB
·
October 30, 2020
စစ်ရေးလှုပ်ရှားမှုများ နိုဝင်ဘာ ၃၀ ရက်အထိ ရပ်ဆိုင်းကြောင်း တပ်မတော်ကြေညာ
Donate to DVB

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့နေရာတွေက လွဲလို့ ကျန်နယ်မြေတွေမှာ   စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို  နိုဝင်ဘာ ၃၀  ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမယ်လို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ ညနေ  ကြေညာပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ဖို့နဲ့  ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတွက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တပ်မတော်အနေနဲ့ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမယ်လို့ ဆိုပါတယ်။

ခုအခါ နိုင်ငံတော်မှာ ကိုဗစ်-၁၉  ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ သေဆုံးမှုတွေ နေ့စဉ်တိုးပွားနေတဲ့အပြင်  နိုဝင်ဘာ ၈ ရက်မှာလည်း  နိုင်ငံတော်အတွက်အရေးကြီးတဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပမှာဖြစ်လို့  မြန်မာ့တပ်မတော်အနေနဲ့  ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေနဲ့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ နိုင်ငံတော်နဲ့ အမျိုးသားအကျိုးစီးပွားအတွက် တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက် နေတာလို့ဆိုပါတယ်။

AA ၊ TNLA နဲ့  MNDAA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း တဖက်သတ်အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

ခုလိုတပ်မတော်ဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ဘက်ကပါ အပစ်အခတ်ရပ်စဲကြောင်း အသီးသီးကြေညာနေပေမဲ့ လက်တွေ့ မြေပြင်မှာတော့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေကတော့ မရပ်မနား ဆက်လက်ဖြစ်ပွားနေပါတယ်။ 

ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလ ကမ္ဘာတဝန်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရပ်စ်ကလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။

Photo Credit-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013