DVB Logo
Home
မြန်မာသတင်း
ခွဲစိတ်ခန်းသုံး Mask  အခုရေ ၁ သန်း C.P. မွေးမြူရေးကုမ္ပဏီက လှူဒါန်း
DVB
·
October 30, 2020
ခွဲစိတ်ခန်းသုံး Mask  အခုရေ ၁ သန်း C.P. မွေးမြူရေးကုမ္ပဏီက လှူဒါန်း
Donate to DVB

မြန်မာနိုင်ငံအတွက် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Mask  အခုရေ ၁ သန်း  C.P. မွေးမြူရေးကုမ္ပဏီက လှူဒါန်းလိုက်ပြီး ဆေးရုံနဲ့ ပြည်သူတွေဆီကို ဖြန့်ဝေပေးမယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

ဆေးဘက်ဆိုင်ရာသုံးအဆင့် ဒီနှာခေါင်းစည်းတွေကို ထိုင်းနိုင်ငံက C.P. Surgical Masks မှာ ထုတ်လုပ်တာဖြစ်ပြီး ကုမ္ပဏီ ဒုဥက္ကဋ္ဌက ကျန်းမာရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို အောက်တိုဘာ ၂၈ ရက်က ပေးအပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ C.P. မွေးမြူရေးကုမ္ပဏီလီမိတက်ရဲ့ ဒုဥက္ကဋ္ဌ မစ္စတာ Uthai Tantipimolphan က “မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ ကို တွေ့ကြုံခဲ့ရပြီးတဲ့နောက် ကျနော်တို့အနေနဲ့ မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေ၊ အထူးသဖြင့် ကိုဗစ်-၁၉ ကို တိုက်ထုတ်နေတဲ့ ရှေ့တန်းလုပ်သားတွေအတွက် surgical masks ၁ သန်းကို မြန်မာပြည်မှာ ဖြန့်ဝေခြင်းဖြင့် ကူညီပေးလိုပါတယ်။ အဲဒီ surgical masks တွေဟာ ထိုင်းနိုင်ငံက ကျနော်တို့ရဲ့စက်ရုံဖြစ်တဲ့ C.P. Social Impact Company Limited မှာ ထုတ်လုပ်ထားတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီနှာခေါင်းစည်းတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးနဲ့ လူသားချင်း စာနာမှုအကူအညီအထောက်အပံ့ပေးရး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကော်မတီ (UEHRD) အဖွဲ့အစည်းတို့ကနေ ဖြန့်ဝေပေးမယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဦးဇော်သန်းထွန်း “ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပြည်သူတွေအနေနဲ့ လက်ရှိ ကမ္ဘာ့ကပ်ရောဂါကူးစက်တာကို တိုက်ထုတ်ဖို့ဆိုရင် surgical masks တွေ တပ်ဆင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ surgical masks တွေကိုလည်း လိုအပ်တဲ့ဆေးရုံတွေနဲ့ မြန်မာပြည်သူတွေဆီ ဖြန့်ဝေပေးမှာဖြစ်တယ်” လို့ ပြောပါတယ်။

C.P. - Charoen Pokphand Group ဟာ မြန်မာနိုင်ငံမှာ ၁၉၉၆ ခုနှစ်ကစပြီး လုပ်ကိုင်လည်ပတ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013