DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီစနစ်တွင် အခွင့်အရေးကိုအကြမ်းဖက်နည်းလမ်းဖြင့် တောင်းဆို၍မရနိုင်ဟု ကာချုပ်ပြော
DVB
·
October 30, 2020
ဒီမိုကရေစီစနစ်တွင် အခွင့်အရေးကိုအကြမ်းဖက်နည်းလမ်းဖြင့် တောင်းဆို၍မရနိုင်ဟု ကာချုပ်ပြော
1 / 3
Donate to DVB

ဒီမိုကရေစီစနစ်မှာ  အခွင့်အရေးကို အကြမ်းဖက်တဲ့နည်းလမ်းနဲ့ တောင်းဆိုလို့ ရနိုင်မှာမဟုတ်ဘဲ နည်းလမ်းစနစ်တကျနဲ့ တောင်းဆိုရမှာဖြစ်ပြီး တရားဥပဒေစိုးမိုးမှုကို ထိပါးစေတဲ့ အပြုအမူတွေကို ရှောင်ရှားရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ အောက်တိုဘာ ၂၉ ရက် မနက်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ရွှေဘိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုတွေကို တွေ့ဆုံအမှာစကားပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ တွေ့ဆုံပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နိုင်ငံတော်မှာ စည်းလုံးညီညွတ်မှုအားနည်းတာနဲ့  မိမိထက် ခေတ်မီပြီး အင်အားကြီးတဲ့ နယ်ချဲ့တွေရဲ့ ကျူးကျော်မှုကြောင့် လွတ်လပ်ရေး ဆုံးရှုံး ခဲ့ရကြောင်း၊ နိုင်ငံတစ်နိုင်ငံမှာ လွတ်လပ် ရေးဆုံးရှုံးတာထက် ကြီးမားတဲ့ ဆုံးရှုံးမှု မရှိတာကြောင့် မိမိတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် လက်ရှိ ပစ္စုပ္ပန်မှာ ရှိနေသူတွေက ထိန်းသိမ်း စောင့်ရှောက်ဖို့ အပြည့်အဝတာဝန်ရှိကြောင်း” ပြောပါတယ်။

လက်ရှိအချိန်မှာ မိမိတို့နိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်လျှောက်လှမ်းနေပြီဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာမှာ စည်းကမ်းစနစ်တကျနဲ့ ဆောင်ရွက်ဖို့လိုမှာဖြစ်ပြီး ပညာတတ်တွေလည်း ပေါကြွယ်၀ရန်အရေးကြီးကြောင်း၊ အသိပညာမြင့်မားမှသာလျင် ဆင်ခြင်တုံတရားနဲ့ ထိန်းသိမ်းဆောင်ရွက်နိုင်မှာဖြစ်ပြီး စည်းကမ်းပြည့်၀တဲ့ ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်မှာ ဖြစ်ကြောင်းပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဖြတ်သန်းလာတဲ့ အစိုးရသက်တမ်း နှစ်ဆက်ကာလအတွင်း တွေ့ကြုံခဲ့ရသည်များကို သင်ခန်းစာယူကာ ချိန်ထိုးစဉ်းစားရွေးချယ်ကြစေလိုကြောင်း၊ နိုင်ငံတိုင်းသည် ၎င်းတို့နိုင်ငံ တိုးတက်ရေးအတွက် တည်ဆောက်လျက်ရှိသည့်အတွက် မိမိဒေသနှင့် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည့်သူ၊ နိုင်ငံတကာနှင့် ပေါင်းသင်းဆက်ဆံမှု ကောင်းမွန် ပြီး မှန်မှန်ကန်ကန်ဖြင့် ဦးစီးဦးဆောင်နိုင်သူများကို ဆင်ခြင်တုံတရားဖြင့် ရွေးချယ်ကြရ မည်ဖြစ်ကြောင်း” ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မြင့်တက်နေတာကြောင့် အရာရှိ၊ စစ်သည်၊ မိသားစုတွေ အားလုံးအနေနဲ့ ကြိုတင်ကာကွယ်မှုတွေကို ထိထိရောက်ရောက်ဆောင်ရွက်ကြစေလိုကြောင်းနဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဖို့လည်းတိုက်တွန်းသွားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့ဝင်တွေဟာ ရွှေဘိုမြို့ရှိ ရွှေဘုံရတနာမင်္ဂလာနန်းတော်သို့ သွားရောက်ပြီး မြေနန်း တော်ဆောင်၊ သီဟာသနပလ္လင်တော်၊ နန်းမပြာသာဒ်ဆောင်၊ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ကြေးရုပ်တု တို့ကို သွားရောက်ကြည့်ရှုလေ့လာခဲ့တယ်လို့ တပ်မတော်သတင်းမှာဖော်ပြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရွှေဘုံရတနာမင်္ဂလာနန်းတော်ကို လာရောက်စဉ်မှာ အောင်မြေကျောင်းတိုက်သို့ သွားရောက် အောင်မြေနင်းခဲ့တယ်လို့ ဒေသခံ  ဂေါပကအဖွဲ့ ထံကနေ သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ယာဉ်တန်း ရွှေဘိုမြို့တွင်း ဖြတ်သန်းသွားချိန် ဈေးရှေ့နားမှာ  အန်အယ်လ်ဒီပါတီ အားပေးထောက်ခံဝန်းရံသူတွေက လမ်းဘေးမှာ စီတန်းပြီး အောင်နိုင်ရေးသီချင်းတွေဖွင့်ကာ အလံတွေဝှေ့ယမ်း နှုတ်ဆက်ခဲ့ကြပါတယ်။

ဓာတ်ပုံ-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013