DVB Logo
Home
မြန်မာသတင်း
ရန်ကုန်က ရှစ်လေးလုံး ငွေရတုပွဲ ကျောင်းသားတပ်မတော် တက်ရောက်မည်
DVB
·
July 29, 2013
ရန်ကုန်က ရှစ်လေးလုံး ငွေရတုပွဲ ကျောင်းသားတပ်မတော် တက်ရောက်မည်
Donate to DVB

ရန်ကုန်မြို့မှာ ကျင်းပမယ့် ရှစ်လေးလုံး အရေးတော်ပုံ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) က ပထမဆုံးအကြိမ် ပြည်တွင်းမှာ တက်ရောက်ပြီး နိုင်ငံရေးရည်မှန်းချက်ကို တင်ပြသွားဖို့ရှိပါတယ်။

ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ကျယ်ကျယ်ပြန့်ပြန့်ကျင်းပမယ့် ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုပွဲကို နယ်စပ်နဲ့ နိုင်ငံတကာရောက် ရှစ်ဆယ့်ရှစ် မျိုဆက်အင်အားစုတွေနဲ့အတူ ကျောင်းသားတပ်မတော် ခေါင်းဆောင်တွေကလည်း ပထမဆုံးအကြိမ် တက်ရောက်ကြမှာဖြစ်ပါတယ်။

ကျောင်းသားတပ်မတော် ပြောခွင့်ရသူ ရဲဘော်ဆန်နီက “အဓိကကတော့ ကျနော်တို့ ရှစ်လေးလုံးအရေးတော်ပုံကနေ ဒီဘက်ခြမ်းကို ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းမှာ နောက်ဆုံး ကျနော်တို့တင်ပြခဲ့တဲ့ လတ်တလော နိုင်ငံရေးရည်မှန်းချက် သုံးရပ်ရှိပါတယ်။ ဒီသုံးရပ်ကို အဓိက လမ်းကြောင်းတခုအနေနဲ့ ကျအောင် တင်ပြသွားမယ်လို့ ရည်မှန်းချက်ထားပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကုရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ရဲ့လတ်တလော နိုင်ငံရေးရည်မှန်းချက် သုံးရပ်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး။ အင်အားစုအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးနဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်ရေး အပါအ၀င် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တရပ် ပေါ်ထွန်းရေးတွေပဲ ဖြစ်ပါတယ်။

ဒီနိုင်ငံရေး ရည်မှန်းချက်ကို ပြည်တွင်းနေရာအနှံ့ တင်ပြမှာဖြစ်သလို နိုင်ငံတကာရောက် အင်အားစုအားလုံးကိုလည်း တင်ပြပြီး နိုင်ငံရေးဆုံးဖြတ်ချက်တခုအနေနဲ့ရယူပြီး  ရှေ့ဆက်  သွားမယ်လို့ သူက ပြောပါတယ်။

ဩဂုတ် ၆ ရက်နေ့က စတင်မယ့် ရှစ်လေးလုံး ငွေရတုပွဲရဲ့ ငွေရတုပွဲပြခန်းမှာ ကျောင်းသားတပ်မတော် ၂၅ နှစ်တာ ဖြတ်သန်းမှုသမိုင်းကို စုံစုံလင်လင် ပြသဖို့ စီစဉ်နေပါတယ်။

လွန်ခဲ့တဲ့ ၂၅ နှစ်ကြာ ဒီမိုကရေစီရေးကြိုးပမ်းမှုကာလမှာ လိုလားချက်မပြည့်သေးဘဲ  အစပျိုးခြေလှမ်းတွေကိုတော့ တွေ့ရတယ်လို့ ရဲဘော် ဆန်နီက ပြောပါတယ်။

“ဒီနေ့ကာလကိုတော့ ပထမ အစပျိုးမှုလေးပဲ စလို့ရနိုင်ဦးမယ်လို့ ထင်ပါတယ်။ ဒီအစပျိုးမှုကနေ ကောင်းမွန်တဲ့အလားအလာတွေကို အားလုံး ၀ို်င်းဝန်းဖန်တီးပြီးတော့မှ တိုင်းပြည်ရှေ့ဆက်သွားနိုင်မယ့် လမ်းကြောင်းတခုကို ခိုင်ခိုင်မာမာရပ်တည်ဖို့အတွက် ရှစ်ဆယ့်ရှစ် တွေကလည်း ကြိုးစားနေဆဲဖြစ်ပါတယ်။”

သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ကျောင်းသားတပ်မတော်ဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ဆောင်ရွက်နေပြီး မကြာခင်ကာလအတွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းအဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်မင်းနဲ့ ထပ်မံတွေ့ဆုံကြဖို့ ရှိနေပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို တပ်မတော်က အကြမ်းဖက်ဖြိုခွင်း အာဏာသိမ်းပြီးတဲ့နောက် နယ်စပ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်တော်လှန်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013