DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာခရိုင်တွင် မသန်စွမ်းမဲဆန္ဒရှင် ၂၃၀၀ ခန့်ရှိ
DVB
·
October 30, 2020
မိတ္ထီလာခရိုင်တွင် မသန်စွမ်းမဲဆန္ဒရှင် ၂၃၀၀ ခန့်ရှိ
Donate to DVB

မန္တလေးတိုင်း မိတ္ထီလာခရိုင်အတွင်း မြို့နယ် ၄ ခုမှာ မသန်စွမ်းမဲဆန္ဒရှင် ၂၃၀၀ နီးပါးရှိနေတယ်လို့ မိတ္ထီလာခရိုင်ကော်မရှင်က ပြောပါတယ်။

မိတ္ထီလာခရိုင်ကော်မရှင်လက်ထောက်ညွှန်မှူး ဦမျိုးမင်းထိုက်က "တခရိုင်လုံးမှာ မသန်သွမ်းမဲဆန္ဒရှင် ၂၃၀၀ နီးပါးရှိနေတယ်။ မသန်စွမ်းမဲဆန္ဒရှင်တွေ မဲလာပေးရင် ဦးစားပေး လုပ်ဆောင်ပေးရမယ်ဆိုတာ မဲရုံးမှူးတွေကို သေသေချာချာ မှာထားပါတယ်" လို့ ပြောပါတယ်။

မိတ္ထီလာမြို့နယ်မှာတော့ မဲပေးနိုင်သူဦးရေ ၂ သိန်းခွဲကျော်ရှိပြီး မသန်စွမ်းမဲဆန္ဒရှင် ၁၅၀၀ လောက်ရှိနေပါတယ်။ တပ်မဲရုံ ၁၃ ရုံ၊ တပ်နဲ့အရပ်တွဲလျက် မဲရုံ ၅ ရုံနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မဲရုံ ၁ ရုံ ရှိပါတယ်။

ဝမ်းတွင်းမှာတော့ မဲပေးနိုင်သူဦးရေ ၂ သိန်းနီးပါးရှိနေပြီး မသန်စွမ်းမဲဆန္ဒရှင် ၂၀၀ ကျော်ရှိပြီး တပ်နဲ့အရပ်တွဲလျက် မဲရုံ ၁ ရုံရှိနေပါတယ်။

မလှိုင်မှာတော့ မဲပေးနိုင်သူဦးရေ ၁ သိန်း ၂ သောင်းနီးပါး ရှိနေပြီး မသန်စွမ်းမဲဆန္ဒရှင် ၃၅၀ နီးပါး ရှိပြီး တပ်မဲရုံ နဲ့ တပ်နဲ့အရပ်တွဲလျက် မဲရုံ မရှိဘူးလို့ သိရပါတယ်။

သာစည်မှာတော့ မဲပေးနိုင်သူဦးရေ ၁ သိန်းခွဲကျော် ရှိနေပြီး မသန်စွမ်းမဲဆန္ဒရှင် ၂၀၀ ကျော် ရှိပြီး တပ်မဲရုံ ၁ ရုံ နဲ့ တပ်နဲ့အရပ်တွဲလျက် မဲရုံ ၂ ရုံ ရှိနေပါတယ်။

 မိတ္ထီလာခရိုင်တခုလုံမှာ ဆန္ဒမဲပေးနိုင်သူ ၇ သိန်း ၂ သောင်းလောက် ရှိတယ်လို့ သိရပါတယ်။

မောင်မောင်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013