DVB Logo
Home
မြန်မာသတင်း
သထုံမြို့နယ်တွင် ကြိုတင်မဲစပေး၊ မဲပေးသူ များပြား (ဓာတ်ပုံ)
DVB
·
October 29, 2020
သထုံမြို့နယ်တွင် ကြိုတင်မဲစပေး၊ မဲပေးသူ များပြား (ဓာတ်ပုံ)
1 / 7
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲက အသက် ၆၀ နှစ်နဲ့အထက် မဲဆန္ဒရှင်ပြည်သူတွေ အောက်တိုဘာ ၂၉ ရက်နေ့က ကြိုတင်မဲ စပေးခဲ့ကြပြီး မဲပေးသူ များပြားတယ်လို့ သိရပါတယ်။

သထုံမြို့နယ်၊ နောင်ကုလားကျေးရွာက မဲဆန္ဒရှင်ဒေါ်သောင်းဝင်းက “အဖွားက မနက် ၉ နာလောက်ကတည်းက အိမ်ကနေမဲရုံကို လမ်းလျှောက်လာတာပါ။ ပထမဆုံးနေ့ဆိုတော့ မဲလာပေးတဲ့သူတွေကလည်း များတယ်။ နေ့လယ် ၁ နာရီကျော်ကျော်လောက်မှ မဲပေးရတာ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲထက်စာရင်တော့ ဒီနှစ်မဲလာပေးရတာ ပိုပြီးအဆင်ပြေပါတယ်။ အဓိကကတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတော်အတွက်တာဝန်ကျေအောင် မဲတစ်ပြားကို ပေးဖြစ်အောင်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကိုဗစ်-၁၉  ရောဂါကူးစက်မှု အခြေအနေတွေကြောင့် သထုံခရိုင်အတွင်း Stay at Home သတ်မှတ်ထားတဲ့ ဘီးလင်းမြို့မှာတော့ အသက် ၆၀ နှစ်နဲ့ အထက်ရှိသူတွေကို အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးနဲ့ဆက်သွယ်ကာ နေအိမ်မှာ ကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့ သထုံခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။

သထုံမြို့နယ်ထဲမှာ အသက် ၆၀ နှစ်နဲ့ အထက် ကြိုတင်မဲပေးနိုင်သူ ၂၆၃၈၃ ဦးရှိပြီး သတ်မှတ်မဲရုံတွေအထိ သွားရောက်ပြီး မဲမပေးနိုင်သူတွေကိုတော့ သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲက အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

ယူမင်းစိုး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013