ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွှေဘိုတွင် အောင်မြေနင်း
DVB
·
October 29, 2020

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အောက်တိုဘာ ၂၉ ရက်မနက်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ အောင်မြေဘုရားဖူးပြီး အောင်မြေနင်းခဲ့တယ်လို့ ဒေသခံ ဂေါပက အဖွဲ့ထံက သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရွှေဘုံရတနာမင်္ဂလာနန်းတော်ကို မနက် ၁၀ နာရီ လောက်က ရောက်ရှိလာပြီး အဲဒီကတဆင့် အောင်မြေကျောင်းတိုက်သို့ သွားရောက် အောင်မြေ နင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၅ အောက်တိုဘာ ၂၂ ရက်နေ့ကလည်း သမ္မတ ဟောင်း ဦးသိန်းစိန်နဲ့အတူ အောင်မြေနင်းခဲ့ပြီး အခုဒုတိယအကြိမ်လာရောက်ခဲ့တာဖြစ်ပါတယ်။
အလားတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ၂၀၂၀ မတ်လ ၁၁ ရက်နေ့က ရွှေဘိုမှာ လူထုတွေ့ဆုံပွဲအပြီး အောင်မြေနင်းခဲ့တယ်လို့ ဧည့်မှတ်တမ်းအရသိရှိရပါတယ်။
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျဟာ စစ်တိုက်ထွက်တဲ့အခါတိုင်း အောင်မြေနင်းပြီးမှ ထွက်လေ့ရှိတယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။
ချိုသဲကြည်