DVB Logo
Home
မြန်မာသတင်း
သီလ၀ါစီမံကိန်းက ကမ္ဘာ့ဘဏ်စည်းမျဉ်းအတိုင်း လယ်မြေများကို နစ်နာကြေးပေးမည်
DVB
·
July 29, 2013
သီလ၀ါစီမံကိန်းက ကမ္ဘာ့ဘဏ်စည်းမျဉ်းအတိုင်း လယ်မြေများကို နစ်နာကြေးပေးမည်
Donate to DVB

ရန်ကုန်သီလ၀ါအထူးစီးပွားရေးဇုန်အတွင်းမှာရှိတဲ့ လယ်မြေတွေကို နစ်နာကြေးပေးတဲ့ နေရာမှာ ကမ္ဘာ့ဘဏ်ရဲ့စည်းမျဉ်းအတိုင်း ပေးဖို့ စီမံကိန်းကော်မတီက လုပ်ဆောင်နေပါတယ်။

ဒီအတွက် လယ်မြေပိုင်ရှင် တောင်သူတွေနဲ့ ကော်မတီက ထိပ်တိုက်တွေ့ဆုံဆွေးနွေးပြီး ပွင့်လင်းမြင်သာမှု ရှိစေဖို့ လုပ်ဆောင်သွားမယ်လို့ စီမံကိန်းကော်မတီဥက္ကဋ္ဌ ဒေါက်တာဆက်အောင်က ဒီဗွီဘီကို ပြောပါတယ်။

“လယ်သမားတွေကို နစ်နာကြေးပေးဖို့ရှိတယ်။ အဲဒီနစ်နာကြေးကို ကျနော်တို့တွေက ကမ္ဘာ့ဘဏ်ရဲ့ စည်းမျဉ်းတွေနဲ့အညီ ကျနော်တို့ တွက်ပြီးတော့ လယ်သမားတွေနဲ့လည်း ချပြတယ်။ လယ်သမားတွေ အဲဒီအတွက်ကို ကျနော်တို့ တွေ့ဆုံတာ ၂ ခါရှိပြီ။ ဒီလ ၃၀ ရက်နေ့မှာလည်း ထပ်တွေ့ဦးမယ်။ လယ်သမားတွေကိုယ်တိုင် ကျနော်တို့ ကူညီပေးနေတာပဲ။ ကျနော်တို့နဲ့ ဘာမှ ပြဿနာ မရှိဘူး။”

ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေအနေနဲ့  သီလ၀ါမှာ ဖြစ်တဲ့ လယ်ယာမြေအငြင်းပွားမှု ပြဿနာတွေအပေါ်မှာ သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ရောထွေးပြီး မှားယွင်းဖော်ပြမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ဒီဘက်က မီဒီယာတွေက တခါတလေကျရင် မှားသွားတာ ဘာလဲဆိုတော့ သီလ၀ါမှာရှိတဲ့ တခြား စီးမံကိန်းတွေမှာ ဖြစ်တာတွေကို သူတို့က သီလ၀ါ စီမံကိန်းတွေလို့ ထင်လိုက်တာ။ ဘာလို့လဲဆိုတော့ သီလ၀ါမှာ စီမံကိန်းတွေတွေ အများကြီးရှိတယ်။ ကျနော်တောင် မသိတဲ့ စီမံကိန်းတွေပေါ့နော်။ အဲဒါတွေက ကျနော်တို့ အထူးစီပွားရေးဇုန် စီမံကိန်းနဲ့ ဘာမှမဆိုင်ဘူး။ သီလ၀ါမှာရှိတာ မှန်တယ်၊ ဒါပေမယ့် ကျနော်တို့ စီမံကိန်း မဟုတ်ဘူး။ တခြားစီမံကိန်းတွေမှာ ဒီလိုပဲ ဖြစ်တာ။ လယ်သမားတွေနဲ့ ပြဿနာဖြစ်တာအကုန်လုံး သီလ၀ါမှာ ဖြစ်တယ်ဆိုပြီးတော့ ထင်နေကြတာ မဟုတ်ဘူး။”

လတ်တလောကာလမှာတော့ အထူးစီးပွားရေးဇုန်ရဲ့ ပထမအဆင့်အနေနဲ့ ဆောင်ရွက်တဲ့ နေရာမှာ ဟက်တာ ၄၀၀ နီးပါးက ဇုန်ရဲ့ဧရိယာအတွင်းမှာ ကျရောက်မှု ရှိနေတယ်လို့ သိရပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့စည်းမျဉ်းအတိုင်း ဆောင်ရွက်တဲ့နေရာမှာ လက်ကိုင်စံသတ်မှတ်ချက်တွေ ကလည်း များစွာရှိတယ်လို့ သူက ဆိုပါတယ်။

“ကမ္ဘာ့ဘဏ်ရဲ့ စည်းမျဉ်းတွေနဲ့အညီ ကန့်သတ်ချက်တွေ ထားပြီး အရေးယူဆောင်ရွက်တာ။ ကောင်းကင်နေပြီးတော့ လေယာဉ်ပျံတွေနဲ့ ဓာတ်ပုံတွေ ရိုက်ပြီးပြီ လေ့လာမှုတွေ လုပ်ပြီးသွားပြီ။ အားလုံးကို ကျနော်တို့က ကမ္ဘာ့ဘဏ်ရဲ့ပေါ်လစီအတိုင်းပေါ့နော်၊ သူ့ပေါ်လစီက ဘယ်လိုလဲဆိုတော့ ပတ်ဝန်းကျင်နဲ့လှုမှုစီးပွားအပေါ် ဘယ်လိုတုံ့ပြန်မှုရှိသလဲဆိုတဲ့   စံသတ်မှတ်ချက်တွေ စသဖြင့် အများကြီးပဲ။”

သီလ၀ါအထူးစီးပွားရေးဇုန်ဖော်ထုတ်ဖို့အတွက် မြန်မာနဲ့ ဂျပန်အစိုးရတို့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက သဘောတူညီထားတာပါ။ စီမံကိန်းအပေါ် ရှယ်ယာပိုင်ဆိုင်မှုကလည်း မြန်မာက ၅၁ ရာခိုင်နှုန်း နဲ့ ဂျပန်က ၄၉ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်မှု ရရှိထားပါတယ်။

စီမံကိန်းအတွက် မြေအကျယ်အ၀န်းကတော့ ၂၄၀၀ ဟက်တာ ရှိပြီး ရန်ကုန်တိုင်း သန်လျင်နဲ့ ကျောက်တန်းမြို့နယ်တွေအတွင်းမှာ ပါဝင်နေပါတယ်။

စတင်ဆောင်ရွက်တဲ့နေရာမှာလည်း ပထမအဆင့်အနေနဲ့ ယခု ၂၀၁၃ မှာ စတင်မှာဖြစ်ပြီး လာမယ့် ၂၀၁၅ ခုနှစ်ကျရင်တော့  စီမံကိန်းကြီးတခုလုံးရဲ့ ၄ ပုံ ၁ ပုံ ပြီးစီးဖို့ ဂျပန်အစိုးရဘက်က သဘောတူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013