DVB Logo
Home
မြန်မာသတင်း
ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် ကဝမြို့နယ်က လယ်မြေအချို့ ထောက်ပံ့ကြေးမရသေး
DVB
·
October 29, 2020
ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် ကဝမြို့နယ်က လယ်မြေအချို့ ထောက်ပံ့ကြေးမရသေး
Donate to DVB

ပဲခူးတိုင်း၊ ကဝမြို့နယ်မှာ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးတဲ့ လယ်မြေတွေအတွက် ထောက်ပံ့ကြေးပေးရာမှာ မရရှိတဲ့ လယ်သမားတွေ အမြောက်အမြားရှိတယ်လို့ သိရပါတယ်။

ကဝမြို့နယ်မှာ စိုက်ပျိုးလယ်ဧက ၁၈၅၀၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ရေကြီးနစ်မြုပ်မှုဖြစ်ကြောင့် လယ်ဧကများစွာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်၊

အဲဒီအတွက် နိုင်ငံတော်ကနေ လယ်မြေပျက်စီးမှုအပေါ် ၁ ဧကကို ၁ သောင်းနှုန်းနဲ့ လယ်မြေပျက်စီးဆုံးရှုံးခဲ့တဲ့ လယ်သမားတွေကို ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ပါတယ်။

အဲဒီလို ထောက်ပံ့ငွေ ပေးတဲ့နေရာမှာ အမှန်တကယ်စိုက်ပျိုးပြီး အမှန်တကယ် ထိခိုက်ဆုံးရှုံးခဲ့တဲ့ လယ်သမားတွေရဲ့ လယ်တွေမရရှိပဲ မိုးစပါးလုံးဝမစိုက်တဲ့ လယ်သမားတွေက ပျက်စီးမှုစာရင်းမှာ ပါဝင်ပြီး ထောက်ပံ့ငွေတွေ ရရှိနေကြတယ်လို့ ဆိုပါတယ်။

အဲဒီအတွက် ကဝမြို့နယ် ထဲနန်ကျေးရွာအပိုင်မှာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့ လယ်သမား ၂၄ ဦးက ကဝမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို တိုင်ကြားထားတယ်လို့ ဦးဆောင်တိုင်ကြားသူလယ်သမား ဦးစန်းဌေးက ပြောပါတယ်။

အဲဒီလို တိုင်ကြားတဲ့အတွက် တိုင်ကြားခဲ့တဲ့ လယ်သမား ၂၄ ဦးကို အောက်တိုဘာ ၁၉ ရက်နေ့က ညှိနှိုင်းမယ်ဆိုပြီး ကဝမြို့နယ်စိုက်ပျိုးရေးရုံးကနေ ခေါ်ယူခဲ့ပေမဲ့ ဘာညှိနှိုင်းမှုမှမလုပ်ဘဲ လယ်သမားတွေကို စာရွက်အလွတ်မှာ လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်လိုက်တယ်လို့ လယ်သမားတွေကပြောပါတယ်။ 

ပျက်စီးစာရင်းကောက်စဉ်တုန်းကလည်း ကျေးရွာလယ်စီအဖွဲ့က လယ်သမားတွေဆီကို လာရောက်စာရင်းကောက်ယူတာတွေ မလုပ်ခဲ့ကြဘူးလို့ ဆိုပါတယ်။

အခုပြဿနာဖြစ်နေတဲ့ ထဲနန်ကျေးရွာအုပ်စုမှာ စိုက်ဧက ၃၀၀၀ လောက်ရှိပြီး အဲဒီထဲက  ၉၂၆ ဧကပဲ ဧက ၁၀၀၀၀ နှုန်းနဲ့ ထောက်ပံ့ငွေရကြပြီး ၂၀၀၀ ကျော်လောက်က မရကြဘူးလို့ လယ်သမားတွေက ပြောပါတယ်။

ထဲနန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေဘက “အခုဦးဆောင်တိုင်ကြားသူ ဦးစန်းဌေးတဲကို အဲဒီအချိန်က သွားတုန်းက သူ့စပါးခင်းတွေက မပျက်စီးသလို တချို့ကြတော့လည်း ရေကြီးကွင်းတွေဖြစ်တဲ့အတွက် မစိုက်ထားကြဘူး၊ အဲဒီအတွက် စာရင်းမတင်ပေးတာ”လို့ ပြောပါတယ်။

ကဝမြို့နယ်စိုက်ပျိုးရေးဦးစီးမှူးကတော့ ကျေးရွာလယ်စီအဖွဲ့ကနေ တင်ပြတဲ့အတိုင်း ပျက်စီးဧကတွေကို ထောက်ပံ့ပေးတာဖြစ်ပြီး ထောက်ပံ့တဲ့အခါမှာလည်း ကျေးရွာလယ်စီအဖွဲ့ကို ချက်လက်မှတ်နဲ့ ပေးလိုက်တာလို့ ဆိုပါတယ်၊၊

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013