မန္တလေး Grand Park Hotel ၂၇ ထပ် အမြင့်မှ လူ ၃ ဦး ပြုတ်ကျ သေဆုံး
DVB
·
October 29, 2020

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်ရှိ Grand Park Hotel မှာ အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီကျော်လောက်က အမျိုးသား ၃ ဦး ၂၇ ထပ်ကနေ ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေဟာ ဦးသက်နိုင် (၅၀) နှစ်၊ ဦးဆန်းဝင်း (၄၀) နှစ်နဲ့ အာကာ (၁၉) နှစ်တို့ဖြစ်ပြီး Grand Park Hotel ၂၇ လွှာမှာ မှန်တွေကွဲနေတာကြောင့် တက်ရောက်လဲလှယ်ရာမှာ ပုခတ်ကြိုးပြတ်ကျကာ ပြုတ်ကျသေဆုံးခဲ့တာလို့ သိရပါတယ် ။
အခုလို အထပ်မြင့်ကနေ ပြုတ်ကျသေဆုံးတာနဲ့ ပတ်သက်လို့ ဓမ္မတာအတိုင်းသေဆုံးတာဟုတ်မဟုတ် နယ်မြေရဲစခန်းမှာ သေမှုသေခင်းဖွင့်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
နိုင်လင်းဦး