DVB Logo
Home
မြန်မာသတင်း
လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ယာဉ်တန်းကို မှားယွင်းပစ်ခတ်မိကြောင်း RCSS ဝန်ခံ
DVB
·
October 29, 2020
လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ယာဉ်တန်းကို မှားယွင်းပစ်ခတ်မိကြောင်း RCSS ဝန်ခံ
Donate to DVB

ရှမ်းပြည်နယ်၊ မိုင်းပန်မြို့နယ်မှာ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးတို့ စီးနင်းလာာတဲ့ ကားအား မှားယွင်းပစ်ခတ်မိခဲ့ပြီး ပစ်ခတ်တဲ့ တပ်ပ်ဖွဲ့ဝင်တွေကို စိစစ်အရေးယူသွားမယ်လို့ RCSS တပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့က မိုင်းပန်မြို့နယ်၊ ပန်ပိကျေးရွာကို မဲလက်မှတ်၊ မဲပစ္စည်းတွေနဲ့ မဲရုံဝန်ထမ်းတွေအား သွားရောက်ပို့ဆောင်တဲ့ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ပစ်ခတ်မိတယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဝန်ခံပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သက်ဆိုင်သူတွေ၊ တာဝန်ရှိသူတွေကို စိစစ်ပြီး အပြစ်ရှိသူတွေကို တပ်ဖွဲ့ရဲ့ စည်းကမ်းအတိုင်း ကြီးလေးတဲ့ ပြစ်ဒဏ်နဲ့အရေးယူသွားပါ့မယ်လို့ RCSS တပ်ဖွဲ့ ဒုတိယဗိုလ်မှူးကြီး စဝ်အုမ်ခေးက အောက်တိုဘာ ၂၈ နေ့မှာ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်မှာ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ မိုင်းပန်မှာရှိတဲ့ RCSS ဆက်ဆံရေးရုံးကို ကြိုတင်အကြောင်းကြားကြောင်း၊ ဆက်ဆံရေးရုံးက တပ်ဖွဲ့ဝင်တွေကို သတင်းပေးပို့ ဆက်သွယ်ခဲ့ရာမှာ ဖုန်းလိုင်းအခက်အခဲကြောင့် သတင်းမကြားသိရသေးချိန် ယာဥ်တန်း ရုတ်တရက်ရောက်လာတဲ့အတွက် တပ်ဖွဲ့ဝင်‌တွေက ပစ်ခတ်မှုဖြစ်သွားခဲ့ရတာလို့ DVB ကို ပြောပါတယ်။

လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ အောက်တိုဘာ ၂၇ ရက်နေ့က မိုင်းပန်မြို့နယ်၊ ပန်ပိကျေးရွာကို မဲလက်မှတ်၊ မဲပစ္စည်းတွေနဲ့ မရုံဝန်ထမ်းတွေအား သွားရောက်ပို့ဆောင်ပြီး အပြန်လမ်းမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် ၂ ဦး ပေါင်နဲ့ လက်တွေမှာ ကျည်ထိမှန်ခဲ့ပြီး တောင်ကြီးမြို့ရှိ ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

လာမယ် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် နားမွန် ကျေးရွာအုပ်စုအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညီညွတ်သောဒီမိုကရက်တစ်ပါတီ တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013