DVB Logo
Home
မြန်မာသတင်း
မလေးရှား လ၀က ဒဏ်ကြေးလျှော့ပေးရန် မြန်မာသံရုံး စာပို့
DVB
·
July 26, 2013
Donate to DVB

မလေးရှားကပြန်ဖို့ရှိတဲ့ မြန်မာအလုပ်သမား ၂၈၀၀ အတွက် ဒဏ်ကြေးငွေ လျှော့ပေးဖို့ မလေးရှား လ၀ကကို မြန်မာသံရုံးက မေတ္တာရပ်ခံစာပို့လိုက်ပါတယ်။

မလေးရှားနိုင်ငံက ပြန်ဖို့လုပ်နေတဲ့ မြန်မာအလုပ်သမားတွေဟာ သူတို့ရဲ့ သက်တမ်းလွန် နေကြတဲ့ အထောက်အထားလက်မှတ်တွေအတွက် မလေးရှား လ၀က မှာ ဒဏ်ကြေးပေးဆောင်ကြရပါတယ်။

ဒီဒဏ်ကြေးငွေဟာ အရင်က မလေးရှားရင်းဂစ် ၄၀၀ ပေးဆောင်နေကြရာက အခုလလယ်မှာ လွန်နေတဲ့ သက်တမ်းကိုလိုက်ပြီး ၃၁၀၀ အထိ တိုးမြှင့်ကောက်ခံနေတာမို့ အခုလို သံရုံးက မေတ္တာရပ်ခံစာ ပေးပို့တာ ဖြစ်ပါတယ်၊

သံရုံးစာ သွားပေးပို့ခဲ့တဲ့ ကိုသီဟက “အခု ကျနော် လ၀က သွားနေတယ်။ အသနားခံစာတခု သံရုံးကနေပြီး ကျနော့်ကို စာရိုက်ပေးလိုက်တယ်။ ပါမစ်မရှိတဲ့လူတွေ ဖြစ်နေတဲ့အတွက် ဒီလူတွေက overstay ဖြစ်တဲ့အတွက် လ၀ကမှာ ဒဏ်ကြေးပေးဆောင်ရမယ်။ ပထမကတော့ ၄၀၀ ပဲ၊ အခု ၃၁၀၀ ကနေ ဘယ်လောက်ထိ လျှော့ချပေးမယ်ဆိုတာက  တနင်္လာ၊ အင်္ဂါ တရက်ရက် ကျနော်တို့ သိရမှာပေါ့” လို့ ပြောပါတယ်။

မလေးရှား လ၀က က လွန်နေတဲ့ သက်တမ်းကိုလိုက်ပြီး ဒဏ်ကြေးချတာပါ။ ၆လအထက် လွန်နေသူတွေဟာ အမြင့်ဆုံးဒဏ်ကြေး ရင်းဂစ် ၃၁၀၀ ပေးဆောင်ရမှာ ဖြစ်တာမို့ ဒီဒဏ်ကြေးနဲ့ ဆို အောက်လမ်းက ပြန်မယ့်သူတွေ များလာလိမ့်မယ်လို့လည်း သိရပါတယ်။

ဒီလို ဒဏ်ကြေးတိုးလိုက်တာဟာ အခုမှ တိုးတာမဟုတ်ဘဲ မလေး လ၀က ဥပဒေမှာပါတဲ့အတိုင်း လုပ်တာလို့လည်း ဆိုပါတယ်။

အရင် ရင်းဂစ် ၄၀၀ ဒဏ်ကြေးပေးရတုန်းက ၃ လလောက်ကြာအောင် စောင့်ကြရပြီး အခု တိုးမြှင့်လိုက်တဲ့ ၃၁၀၀  မှာတော့ အထူးလျှောက်ထားခွင့် (Special Pass) လက်မှတ်ကို  ချက်ချင်း ထုတ်ပေးတာ ဖြစ်ပါတယ်။

မလေးရှားက ပြန်ချင်တဲ့ မြန်မာအလုပ်သမားတွေကို သီတဂူဆရာတော်ကြီး၊ ဧရာဝတီဖောင်ဒေးရှင်းနဲ့ ကမ္ဘောဇ ဘဏ်အုပ်စုတို့က ကူညီလုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

မေလကုန်ပိုင်းက မလေးရှားနိုင်ငံ၊ ဆလာရမ်းဈေးနားတ၀ိုက်မှာ  မြန်မာအလုပ်သမားတချို့ အကြမ်းဖက်တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် မြန်မာအလုပ်သမားတွေ နေရပ်ပြန်နေကြတာ ခုချိန်ထိ ၈၀၀ လောက် ရှိသွားပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013