DVB Logo
Home
မြန်မာသတင်း
ဟင်္သာတမြို့ အမေ့မေတ္တာပညာဒါနကျောင်း ဖွင့်ထားသည့်နေအိမ် ခဲဖြင့်ပစ်ပေါက်ခံရ
DVB
·
October 28, 2020
ဟင်္သာတမြို့ အမေ့မေတ္တာပညာဒါနကျောင်း ဖွင့်ထားသည့်နေအိမ် ခဲဖြင့်ပစ်ပေါက်ခံရ
1 / 4
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ တာငါးဆယ်တောင်ရပ်ကွက်၊ ရေကြည်ကျောင်းလမ်းရှိ အမေမေတ္တာပညာဒါနကျောင်းဖွင့်ထားတဲ့ နေအိမ်ကို အောက်တိုဘာ ၂၇ ရက်ည ၈ နာရီလောက်မှာ အမည်မသိ လူအုပ်တစုက မှောင်ရိပ်ထဲကနေ အုတ်ခဲကျိုးတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် အမှုဖွင့် တိုင်ကြားထားတယ်လို့ အိမ်ပိုင်ရှင် ဦးစောဝင်းကပြောပါတယ်။

"ဖြစ်ဖြစ်ချင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး အကြောင်းကြားတယ်။ အုပ်ချုပ်ရေးမှူးက နေမကောင်းလို မလာဘူးတဲ့။ စခန်းကိုဆက်တော့ ၉ နာရီကျော်တော့ ရောက်လာတယ်။ ပျက်စီးဆုံးရှုံးမူတော့မရှိ။ ညတွင်းချင်းစခန်းမှာ အမှုဖွင့်ထားပါတယ်" လို့ ပြောပါတယ်။

အပေါက်ခံတဲ့ နေအိမ်ပိုင်ရှင်ဟာ ဟင်္သာတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဟင်္သာတမြို့နယ် အလုပ်အမှုဆောင်တဦးလည်း ဖြစ်ပါတယ်။

ဟင်္သာတမြို့နယ်အမှတ် ၂ စခန်းမှူး ရဲအုပ်နေဇင်းက "ဟုတ်ပါတယ်၊ ညတွင်းချင်း အမှုဖွင့်ထားပါတယ်။ အမှုကို ရဲလုပ်ငန်းတွေလုပ်ကိုင်နေပြီး ဘယ်သူတွေ လုပ်ဆောင်တယ်ဆိုတာကို ဒီနေ့ ဆက်စပ်ရဲလုပ်ငန်းတွေလုပ်ဆောင်ပြီး တရား​ခံတွေရရှိဖို့ စုံစမ်းနေပါတယ်" လို့ ပြောပါတယ်။

အမှုဖြစ်စဥ်ကို ဟင်္သာတမြို့နယ်အမှတ် ၂ ရဲစခန်းက တခြားသူ၏အသက်ကို သို့တည်းမဟုတ် လုံခြုံရေးကိုဘေးဖြစ်စေသော ပြုလုပ်မှု ရာဇာသတ်ကြီးဥပဒေပုဒ်မ ၃၃၇ နဲ့ အမှုဖွင့်ထားပါတယ်။

အင်္ဂပူမြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်ညကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထောက်ခံသူတွေ လှည့်လည်ဖို့ပြင်ဆင်နေတဲ့ သုံးဘီမော်တော်ယာဥ်ကို လေးနဲ့ ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အပစ်ခံရတဲ့ လူငယ်တွေကတော့ ထိခိုက်မှုမရှိဘဲ သုံးဘီးယာဥ်နဲ့ အသံချဲ့စက်အနည်းငယ်သာ ပျက်စီးသွားခဲ့ပြီး အမှုတော့ မဖွင့်ဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013