DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ အမည်စာရင်း တင်သွင်း
DVB
·
July 26, 2013
ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ အမည်စာရင်း တင်သွင်း
Donate to DVB

ပြည်ထောင်စုလွှတ်တော်မှာ ဗဟိုဘဏ် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ နာမည်စာရင်းကို အတည်ပြုပေးဖို့ ဇူလိုင် ၂၅ ရက်ရက်စွဲနဲ့ လွှတ်တော်အမတ်တွေကို ဖြန့်ဝေထားပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၁၆ အဖြစ် အတည်ပြုပေး ခဲ့ပြီး ဖြစ်တာကြောင့် ဗဟိုဘဏ်ရဲ့ ဒါရိုက်တာ အဖွဲ့ဝင်များဖြစ်တဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ၃ ဦးကို ခန့်အပ်တာဝန် ပေးလိုတဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူဖို့ သမ္မတက သ၀ဏ်လွှာပေးအပ်ခဲ့တယ်လို့လည်း ပြည်သူ့လွှတ်တော် အမတ် ဦးရဲထွန်းက ပြောပါတယ်။

ဥက္ကဋ္ဌ အဖြစ် ဦးကျော်ကျော်မောင်၊ ဒုဥက္ကဋ္ဌတွေအဖြစ် ဦးဆက်အောင်၊ ဦးသန်းငြိမ်း၊ ဒေါ်ခင်စောဦးတို့ရဲ့ အမည် စာရင်းကို တင်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ ဥက္ကဋ္ဌ အဖြစ် အမည် စာရင်း တင်သွင်းထားခံရတဲ့ ဦးကျော်ကျော်မောင်ဟာ ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် အရင်က တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ဒုဥက္ကဋ္ဌ အဖြစ် အမည်စာရင်း တင်သွင်းခံထားရတဲ့ ဦးဆက်အောင်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တစုံတရာ မသိရှိသေးဘူးလို့ ပြောပါတယ်။
ဒါအပြင် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့မှာ ခန့်အပ် တာဝန်ပေးရမယ့် ပြင်ပက ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူ ၅ ဦးကိုလည်း ပြည်ထောင်စုလွှတ်တော်ထံ ထပ်မံပေးပို့သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013