DVB Logo
Home
Lead Story
အိမ်တွင်းပုန်းဆင်နွှဲရမည့် ကိုဗစ်ကာလ ပိုပိုသီချင်းသစ် “သီတင်းကျွတ်ဖူးစာ”(ရုပ်သံ)
DVB
·
October 27, 2020
အိမ်တွင်းပုန်းဆင်နွှဲရမည့် ကိုဗစ်ကာလ ပိုပိုသီချင်းသစ် “သီတင်းကျွတ်ဖူးစာ”(ရုပ်သံ)
Donate to DVB

“ချစ်သူတယောက်ကိုတွေ့ပြီထင်တယ်... သူ့ကို ကျမရင်ထဲမှာ တွယ်ငြိခဲ့… သီ တင်းကျွတ် လပြည့်ညရယ်… သူရယ်ကိုယ်ရယ်… ရင်ခုန်သံတွေ… ညမှောင်မှောင် ကောင်းကင်ကြီးမှာ… မီးပုံးများဟာ ကြယ်ကလေးများနဲ့… တန်းတူလှနေကြတယ်… မီး ပုံးတွေဘယ်နှစ်လုံးလဲလိုက် ရေတွက်ရတာအမော… တနှစ်မှတလ တလမှ သုံးရက်ပါပဲကွယ်… ပျော်ရွှင်စရာကောင်းတဲ့ တို့ပွဲတော်ကြီးထဲ”

ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာခဲ့တဲ့ တေးသံရှင် ပိုပိုရဲ့ သီချင်းသစ်တ ပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

လာမယ့် ပွဲတော်အမီ “သီတင်းကျွတ်ဖူးစာ”လို့ အမည်ပေးထားတဲ့ ပိုပိုရဲ့ ဒီသီ ချင်းထဲမှာတော့ Featuring အနေနဲ့ တေးသံရှင် ထူးသစ်က ပါဝင်သီဆိုပေးထားခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်မှာတော့ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် သီတင်း ကျွတ်ပွဲတော်ကို အိမ်တွင်းပုန်းဆင်နွှဲကြရတော့မှာပဲ ဖြစ်ပါတယ်။

ပိုပိုဟာ Underground တေးဂီတလောကမှာ အချိန်အတော်ကြာ ကျင်လည်ခဲ့ပြီးမှ “ချစ်ဖူးခဲ့သမျှ”တကိုယ်တော် တေးအယ်လ်ဘမ် တချပ်တည်းနဲ့တင် ပရိသတ်လက်ခံ အားပေးမှု ရရှိခဲ့သူတဦးဖြစ်ပြီး ဒုတိယမြောက် တေးအယ်လ်ဘမ် “အလွမ်းသီချင်း ကြိုက်တဲ့ ရေဒီယို” တေးအယ်လ်ဘမ်အပါအဝင် အတွဲသီချင်းအယ်လ်ဘမ်တွေမှာပါ သီ ဆိုအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း သူ့ရဲ့ Masterpiece in Mandalay လို့ အမည်ပေးထားတဲ့ ပထမဆုံး တကိုယ်တော်တေးဂီတဖျော်ဖြေပွဲကို မန္တလေးမြို့၊ Yadanarpon Event Park မှာ ကျင်းပခဲ့ပါသေးတယ်။

ခုလာမယ့် သီတင်းကျွတ်လပြည့်နေ့မှာလည်း ပိုပိုက ကိုဗစ်-၁၉ ကပ်ကာလ စတေးဟုမ်း ပရိသတ်တွေအတွက် နေအိမ်ကနေ PO PO VIP FAN CLUB GROUP ထဲက တဆင့် တိုက်ရိုက်လိုက်ဖ် ဖျော်ဖြေပေးသွားမယ်လို့ သိရပါတယ်။

“ဆီမီးတွေထွန်းတဲ့ဒီညမယ်… သူလေးနဲ့အမှတ်တမဲ့ဆုံတော့ကွယ်… ဗျောက်အိုးသံ များထက် ကျယ်လွန်းတယ်… ရင်ခုန်သံများကို ဘယ်လိုထိန်းချုပ်ရမလဲ ကောင်လေးရယ်… မျက်ဝန်းလေး နှစ်ဦးသားဆုံတော့ကွယ်… ညိုချောလေး ကျမရဲ့အချစ်ဆုံးနဲ့ အကြည့်ချင်းဆုံတော့... ချစ်သူတယောက်ကိုတွေ့ပြီထင်တယ်… သူ့ကို ကျမရင်ထဲမှာ တွယ်ငြိခဲ့… သီတင်းကျွတ် လပြည့်ည ရယ်… သူရယ်ကိုယ်ရယ် ရင်ခုန်သံတွေ ဝုန်းဒိုင်း ကြဲ... ပျော်ရွှင်ပါတယ်မင်းလက်တွဲ… သံယောဇဉ်ကြိုးတွေတိုးရင်… တသက်စာမင်းကို ရည်ရွယ်ပြီးတော့ လက်ထပ်ဖို့စိတ်ကူးတယ်”

ဒီသီချင်းကိုတော့ သီတင်းကျွတ်မီးထွန်းပွဲတော်ပုံရိပ်တွေနဲ့အတူ ဇာတ်လမ်းစတိုရီ ပုံစံရိုက်ကူးထားခဲ့ပြီး ပိုပို၊ ထူးသစ်တို့နဲ့အတူ သရုပ်ဆောင် Hugo ကလည်း ပါဝင်သရုပ် ဆောင်ထားပေးခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီသီချင်းရုပ်သံကို ပိုပိုရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ သိန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013