DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ရေကြီးမည့် ဘေးအန္တရာယ်ရှိဟု မိုးလေ၀သကြေညာ
DVB
·
July 26, 2013
ဧရာဝတီတိုင်းတွင် ရေကြီးမည့် ဘေးအန္တရာယ်ရှိဟု မိုးလေ၀သကြေညာ
Donate to DVB

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသမှာ ရေကြီးမယ့် ဘေးအန္တရာယ်ရှိပြီး ငသိုင်းချောင်းမြို့မှာ စိုးရိမ်ရေမှတ်အထက်ရောက်နေပြီလို့ မိုးလေ၀သဌာနက ဒုညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

[caption id="attachment_41960" align="alignright" width="300" caption="တနင်္သာရီတိုင်း ထားဝယ်မြို့ ရေကြီးမှုမြင်ကွင်း (ဓာတ်ပုံ - ဖိုးဇော်)"][/caption]

အခုရက်ပိုင်းအတွင်း မုတ်သုံလေအား အလွန်ကောင်းနေတာရယ်နဲ့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေတာတွေကြောင့် ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်ပြီး  ရခိုင်နဲ့ တနင်္သာရီတိုင်းတို့မှာလည်း မိုးကြီးပြီး ကားလမ်း ရေတိုက်စားမှုတွေ ဖြစ်ပေါ်မယ်လို့ ဆိုပါတယ်။

ရေကြီးနိုင်တဲ့ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းဒေသနေ ပြည်သူတွေ ရှောင်ရန်နဲ့ဆောင်ရန် အချက်တွေကိုလည်း သူက ခုလို ပြောပါတယ်။

“အောက်ပိုင်းဒေသဖြစ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ရေးကြီးမယ့် ဘေးအန္တရာယ် ရှိပါတယ်။ ဒါကို ဂရုပြုဖို့ လိုပါတယ်။ ဒီလိုရေကြီးရင် မိမိလယ်ဧက ရေကြီးရင် ပြန်ပြီးတော့ အနိမ့် ထဲကို ၀င်လာတဲ့အတွက် မိမိလယ်ထဲကို ရေမ၀င်အောင် ရေတားတဲ့ တမံတွေ အလွယ်တကူ ပြုလုပ်ထားဖို့ လိုပါတယ်။ ရေကျသွားလို့ရှိရင်လည်း အဲဒီရေကို ပြန်ပြီးတော့ အလိုက်သင့် ထုတ်ပေးဖို့ ရေသွင်း ရေထုတ် စနစ်လုပ်ပေးဖို့ လိုပါတယ်လို့ အဲဒီလို အကြံပြုခဲ့ပါတယ်။

“ပဲခူးတိုင်းဆိုလို့ ရှိရင် ပဲခူးမြေနေရာ တော်တော်ကျယ်ပါတယ်။ မိုးများလို့ရှိရင် အဲဒီနေမြေ ရေမြုပ်ရင် ဧကတွေက အများကြီး ၁ သိန်းကျော်ပါတယ်။ အဲဒီနေရာတွေလည်း ယခင်နှစ်တုန်းက ဒီလိုဖြစ်ခဲ့တဲ့ အတွက်ကြောင့် ၂၀၁၃ ဇူလိုင်၊ ဩဂုတ်တွေမှာ မိုးများရင် လယ်တွေ ရေမြုပ်ပြီးတော့ စိုက်လက်စ၊ စိုက်ခါစ စပါးတွေ ရေနစ်မြုပ် သေဆုံးမှုမရှိအောင် ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်လို့ အကြံပေးခဲ့ပါတယ်။ အခုအဲဒီအခြေအနေကို ရောက်နေပါပြီ။”

ပင်လယ်ပြင် ငါးဖမ်းလှေတွေ ဂရုပြုရန် အချက်တွေနဲ့ ပတ်သက်လို့လည်း ဦးချစ်ကျော်က အခုလို ပြောပါတယ်။

“ပင်လယ်ပြင်မှာ ငါးထွက်ဖမ်းမယ့်လူတွေ ကျနော်တို့ဆီက မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းတယ်လို့ သတင်းထုတ်ပြန်ရင် အဲဒီသတင်းကိုကြားရတဲ့ ငါးဖမ်းလှေတွေအနေနဲ့ လေတိုက်နှုန်းက ၁ နာရီမှာ မိုင် ၄၀ ထက်ကျော်ပါတယ်။ ဒီလိုကျော်တဲ့အတွက် မိမိငါးဖမ်းတဲ့လှေဟာ သေးရင် ကမ်းဝေးကို ငါးထွက်မဖမ်းပဲနဲ့ လေဒဏ်လှိုင်းဒဏ်ခံနိုင်တဲ့နေရာ ကမ်းနဲ့ နီးတဲ့နေရာမှာပဲ ငါးဖမ်းသင့်ပါတယ်လို့ အကြံပြုခဲ့ပါတယ်။”

စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်း၊ ကချင်၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်စတဲ့ တိုင်းနဲ့ ပြည်နယ်အနှံ့ မိုးကြီးနိုင်တယ်လို့လဲ မိုးလေ၀သက သတင်းထုတ်ပြန် ထားပါတယ်။

မနှစ်တုန်းကလည်း ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ရေကြီးခဲ့ပြီး လယ်မြေဧက သိန်းနဲ့ချီ ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013