DVB Logo
Home
မြန်မာသတင်း
ရှေးဟောင်းအဆောက်အဦ ၄ ခုကို ဟိုတယ်လုပ်ငန်း လုပ်ခွင့်ပေးမည်
DVB
·
July 26, 2013
ရှေးဟောင်းအဆောက်အဦ ၄ ခုကို ဟိုတယ်လုပ်ငန်း လုပ်ခွင့်ပေးမည်
1 / 2
Donate to DVB

ရန်ကုန်မြို့လယ်မှာရှိတဲ့ နိုင်ငံပိုင်အစိုးရဌာန ရှေးဟောင်းအဆောက်အဦ ၄ ခုကို ဟိုတယ် လုပ်ငန်းလုပ်ကိုင်ခွင့်ပေးဖို့အတွက် ပြီးခဲ့တဲ့နှစ်ဇွန်လက တင်ဒါလျှောက်ထားကြတဲ့ ပြည်တွင်းနဲ့ ပြည်ပကုမ္ပဏီ ၁၃ ခုထဲက အောင်မြင်တဲ့ကုမ္ပဏီတွေကို မကြာခင် အပြီးသတ်ရွေးချယ်တော့မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ အချက်အချာနေရာတွေမှာရှိတဲ့ စွမ်းအင်ဝန်ကြီးဌာနရုံးဟောင်း၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရုံးဟောင်း၊ မြန်မာ့ထုတ်ကုန်သွင်းကုန်လုပ်ငန်း ရုံးချုပ်ဟောင်းနဲ့ အမှတ် ၅ ကုန်သွယ်ရေးကော်ပိုရေးရှင်း ရုံးဟောင်းတွေကို ဟိုတယ်လုပ်ငန်းအဖြစ် လုပ်ကိုင်ခွင့်ရဖို့အတွက် တင်ဒါစနစ်နဲ့ လျှောက်ထားလာကြတဲ့ကုမ္ပဏီ ၁၃ ခုထဲကနေ ၄ ခုကို အပြီးသတ်ရွေးချယ်တော့မှာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အမျိုးသားစီမံကိန်းနဲ့ ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဒီဗွီဘီကို အခုလို ပြောပါတယ်။

[caption id="attachment_41969" align="alignleft" width="300" caption="ဦးအောင်နိုင်ဦး"][/caption]

“ရန်ကုန်မြို့မှာ ပေါ်ပေါက်နေတဲ့ ဟိုတည် အခန်းကျပ်တည်းမှု ပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်အောင် ဆောင်ရွက်ခဲ့တာ ဒါ နံပါတ် ၁ အချက် ဖြစ်ပါတယ်။ နံပါတ် ၂ အချက်က ဒီကိုလိုနီခေတ် အဆောက်အဦတွေကို ဟိုတည်ခန်းအဖြစ်နဲ့ အသွင်ပြောင်းခြင်းအားဖြင့် တိုင်းပြည်ရဲ့ ခရီးသွားလာမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို တဖက်တလမ်းက အထောက်အကူ ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။”

တင်ဒါအောင်လို့ ရွေးချယ်ခံထားရတဲ့ ကုမ္ပဏီတွေဘက်ကလည်း ဟိုတယ်အဖြစ် ပြောင်းလဲလုပ်ကိုင်ရမယ့် အဲဒီအဆောက်အဦတွေကို လေ့လာဆန်းစစ်နေကြပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဂျပန်-မြန်မာစီးပွားရေး ကုမ္ပဏီလီမိတက် (Japan Myanmar Business Co.,Ltd) က မြန်မာပြည်ဌာနေ ကိုယ်စားလှယ် ဦးညွန့်ဝေက အခုလို ပြောပါတယ်။

“အခုလာဖွင့်တဲ့လူက အကျိုးအမြတ်ထက် သူက သူ့ရဲ့ ဂျပန်-မြန်မာ business (စီးပွားရေးလုပ်ငန်း) ဆိုတဲ့ နာမည်ကို လိုချင်တာပေါ့။ အကျိုးအမြတ်ကို သိပ်အဓိကထားတဲ့ ကုမ္ပဏီတွေ မဟုတ်လောက်ဘူး။ သူတို့  research (သုတေသန) လုပ်ပြီးလာဆိုတော့ အတွင်းပိုင်းကိုတော့ တော်တော်များများကြည့်ထားတယ်။ မြေ research ကတော့ သူတို့ မလုပ်ရသေးဘူး။ တင်ဒါမအောင်ဘဲနဲ့ လုပ်ပိုင်ခွင့်မရှိဘူးလေ။ ဒါပေမယ့် အတွင်းပိုင်းတော့ သူတို့ တော်တော်လေး လေ့လာထားပါတယ်၊ ပျက်ဆီးမှုတို့ ဘာတို့၊ ဟိုတည်အထိ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ဆိုတာ  သူတို့ ၂၇ ရက်နေ့ကျရင်တော့ ပြောပြပါလိမ့်မယ်။”

အရွေးချယ်ခံရတဲ့ ပြည်တွင်းနဲ့ ပြည်ပကုမ္ပဏီ၎ ခုဟာ ဒီရှေးဟောင်း အဆောက်အဦတွေကို ဟိုတယ်အဖြစ်ကို ပြောင်းလဲလုပ်ကိုင်တော့မယ်ဆိုရင် အဆောက်အဦရဲ့ ရှေးမူလက်ရာကို မပျက်စီးအောင် လုပ်ကိုင်ကြရမှာ ဖြစ်သလို ပြုပြင်တည်ဆောက်တဲ့ အပိုင်းကိုလည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဘက်က ဖွဲ့စည်းထားတဲ့အဖွဲ့နဲ့ စစ်ဆေးလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ အင်္ဂလိပ်ခေတ်က တည်ဆောက်ထားခဲ့တဲ့ ရှေးဟောင်းအဆောက်အဦ အရေအတွက်ဟာ ၃၀ ဝန်းကျင်လောက်ရှိပေမယ့် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မှု အပိုင်း အားနည်းတာကြောင့် တချို့အဆောက်အဦတွေဟာ ပျက်စီးမှုတွေ ရှိလာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013