DVB Logo
Home
သတင်းတို
လူ့အခွင့်အရေးလှုပ်ရှားသူများကို ဆက်မဖမ်းရန် သမ္မတဆီ တင်ပြမည်
DVB
·
July 26, 2013
လူ့အခွင့်အရေးလှုပ်ရှားသူများကို ဆက်မဖမ်းရန် သမ္မတဆီ တင်ပြမည်
Donate to DVB

လယ်သမားအရေး၊ အလုပ်သမားအရေးနဲ့ နစ်နာသူတွေအရေး ဆောင်ရွက်နေတဲ့ လူ့အခွင့် အရေး လှုပ်ရှားသူတွေကို ဆက်ပြီး ဖမ်းဆီးခြင်းမပြုဖို့ သမ္မတဆီ တင်ပြသွားမယ်လို့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးက ဒီဗွီဘီကို ပြောပါတယ်။

ဇူလိုင် ၂၄ ရက်နေ့က ရန်ကုန် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ရှေ့နေများကွန်ရက် တာဝန်ရှိသူတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ တာဝန်ရှိသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတချို့က တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီး ခုလို ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲကို ပြင်သစ်သံရုံး၊ ဗြိတိန်သံရုံးနဲ့ အီးယူသံရုံးက လေ့လာသူ ကိုယ်စားလှယ် တွေလည်း တက်ခဲ့ကြပြီး လက်တွေ့ သမ္မတဆီ ပေးပို့မယ် အကြံပြုစာကိစ္စကိုတော့ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမိုးသွေး ဦးဆောင်ပြီး ဆက်အကောင်အထည်ဖော်သွားမယ်လို့ ဦးမြအေးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013