DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ၉ နိုင်ငံက အဖွဲ့အစည်း ၁၆ ဖွဲ့ Swiss Challenge တင်ဒါလျှောက်
DVB
·
October 26, 2020
ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ၉ နိုင်ငံက အဖွဲ့အစည်း ၁၆ ဖွဲ့ Swiss Challenge တင်ဒါလျှောက်
Donate to DVB

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် Swiss Challenge နဲ့ တင်ဒါလျှောက်ထားတဲ့ နိုင်ငံပေါင်း ၉ နိုင်ငံက အဖွဲ့အစည်း ၁၆ ဖွဲ့ရှိတယ်လို့ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးငြိမ်းအေးက ပြောပါတယ်။

ရန်ကုန်မြို့တဘက်ကမ်းက ရန်ကုန်မြို့သစ်စီမံကိန်းလို့လူသိများနေတဲ့ ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ပထမအဆင့်လုပ်ငန်းစတင်ဖို့  Swiss Challengeနဲ့ တင်ဒါခေါ်ယူမှုကို အောက်တိုဘာ ၁၅ ရက်မှ ၂၂ရက်အထိ နောက်ဆုံး လျှောက်ထားဖို့ တင်ဒါခေါ်ယူခဲ့တာပါ။

Swiss Challengeနဲ့ တင်ဒါခေါ်ယူရေးကော်မတီမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုဝန်ကြီးဦးကျော်မျိုးက ဥက္ကဋ္ဌ၊  စီမံဘဏ္ဍာဒုဝန်ကြီး ဦးဆက်အောင်က ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး ကော်မတီဝင်  ၅ ဦးနဲ့ဖွဲ့စည်းကာ တင်ဒါခေါ်ယူခဲ့ပါတယ်။ 

ဒီတင်ဒါခေါ်ယူမှုကို နိုင်ငံပေါင်း ၉ နိုင်ငံက  အဖွဲ့အစည်း ၁၆ ဖွဲ့ လာရောက်လျှောက်ထားခဲ့တယ်လို့ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးငြိမ်းအေးက ပြောပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်ကုမ္ပဏီတခုဖြစ်တဲ့ CCCCကုမ္ပဏီက ဒီဇိုင်းရေးဆွဲ တင်သွင်းခွင့်ရထားသလို Swiss Challenge စနစ်နဲ့တင်ဒါခေါ်ယူထားပေမယ့် တန်းတူ ဖြစ်ရင်တောင် တရုတ်ကုမ္ပဏီက လုပ်ခွင့်ရမှာဖြစ်ပါတယ်။

ဒီစီမံကိန်းကို တရုတ်ကုမ္ပဏီတွေ လုပ်ခွင့်ရသွားရင် မြန်မာတွေအလုပ်အကိုင်အခွင့် အလမ်းမျှော်မှန်း သလောက် မရနိုင်ဘူးလို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက  ပြောပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းဟာ မြန်မာလူမျိုးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိနိုင်ဖို့ ဖြစ်တယ်လို့  ရန်ကုန်မြို့တော်မြို့ပြဖွံဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ဥက္ကဋ္ဌ ရန်ကုန်ဒုမြို့တော်ဝန် ဦးစိုးလွင်က ပြောထားပါတယ်။

Swiss Challengeနဲ့ တင်ဒါအောင်မြင်တဲ့ကုမ္ပဏီဟာ မြို့သစ်စီမံကိန်းရဲ့ သုံးပုံတပုံကို လုပ်ကိုင်ခွင့်ရမှာဖြစ်ပြီး စက်မှုဇုန်ဖို့နဲ့လယ်ယာလျှော်ကြေးပေးတာ၊ ရေ၊မီး၊လမ်းနဲ့တံတားတွေ စတင်တည်ဆောက်ပေးရမှာဖြစ်တယ်လို့  ဒုမြို့တော်ဝန် ဦးစိုးလွင်က ပြောပါတယ်။

ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို စင်ကာပူ၊ ဂျပန်၊ အီတလီ၊ စပိန်နဲ့ ပြင်သစ်နိုင်ငံအပါအဝင်နိုင်ငံပေါင်း ၉ နိုင်ငံက Swiss Challengeနဲ့ တင်ဒါလျှောက်ထား တယ်လို့လည်း အစိုးရသတင်းစာမှာလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသားလုပ်ငန်းရှင် အသင်း ၃ သင်းပေါင်းပြီး မြန်မာ့နေရှင်နယ်ဘရားဟု အနေနဲ့ တင်ဒါလျှောက်ထားခဲ့တာရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013