DVB Logo
Home
မြန်မာသတင်း
ကုန်တင်ယာဉ်မောင်း ၂ ဦးတွင် ပိုးတွေ့ပြီး ကယားပြည်နယ်၌ ကိုဗစ်-၁၉ လူနာ ၇ ဦးအထိရှိလာ
DVB
·
October 26, 2020
ကုန်တင်ယာဉ်မောင်း ၂ ဦးတွင် ပိုးတွေ့ပြီး ကယားပြည်နယ်၌ ကိုဗစ်-၁၉ လူနာ ၇ ဦးအထိရှိလာ
1 / 8
Donate to DVB

ကယားပြည်နယ်၊ ရှမ်း-ကယားနယ်စပ် ဝါရီကောခူ အထက်တန်းကျောင်းခွဲမှာ ဖွင့်လှစ်ထားတဲ့ ကုန်တင်ယာဉ်ရပ်နားစခန်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦးတွေ့ ရှိကြောင်း ပြည်နယ်ကျန်းမာရေးဌာနက အတည်ပြုပြောပါတယ်။

အဆိုပါအတည်ပြုလူနာတွေဟာ ကုန်တင်ယာဉ်မောင်းသမားတွေဖြစ်ပြီး တစ်ဦးမှာ ရန်ကုန်က ဖြစ်ကာ နောက်တဦးကတော့ နေရာအတိအကျ မသိရသေးပါဘူး။ လူနာသစ်  ၂ ဦး စလုံးကိုတော့ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ထားသလို သူတို့နဲ့ ထိတွေ့ခဲ့သူတွေကိုလည်း ကွာရန်တင်းစင်တာမှာပို့ဆောင်ထားကြောင်း  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။

“တွေ့တဲ့နှစ်ယောက်ကို။ ပထမတယောက်ဟာက သူတို့အဲဒီမှာ ကွာရန်တင်း ၉ ယောက်လာမသိဘူး သူတို့ပေါင်းပြီးတော့ နေကြတယ်။ အိပ်ကြတယ်။ အဲဒီ ၉ ယောက်ကို ကျနော်တို့စစ်လိုက်တယ်။ အကုန် Nagative ပဲဗျာ။ သို့သော် သူတို့ကို သီးသန့်တခါခွဲထားတယ်။ ခွဲထားပြီးတော့ အခု ကျနော်တို့က နတလ (ကွာရန်တင်းစင်တာ) ကိုပို့လိုက်တယ်။ ပြီးရင် သူတို့ကို နောက် ၂ ရက်လောက်ကျရင် တခေါက်ပြန်စစ်ဦးမယ်။ Nagative ပဲဆိုရင်တော့ သူတို့ကို ပေးထွက်မယ်။ နောက်တယောက်ကျတော့ မနေ့ကမှ ရောက်တယ်ပြောတယ်ဗျာ။ ရန်ကုန်ကနေ။ အဲမှာ driver က ပိုးတွေ့တယ်။ စပယ်ယာက Nagative။ ”       အခုလိုကုန်တင် ယာဉ်ရပ်နားစခန်းမှာ ပိုးတွေ့တဲ့အတွက် ယာဉ်မောင်းတွေအကြား ပိုးကူးစက်မှာကို စိုးရိမ် ထိတ်လန့် နေကြသလို ပြည်နယ်တွင်း ကားသမားတွေနဲ့ တခြားဒေသက ကားသမားတွေကို သီးခြားခွဲထားပေးဖို့ လိုလားနေကြပါတယ်။

လွိုင်ကော်ကုန်တင်ယာဉ်မောင်း ကိုကျော်ရဲက “ ပြည်နယ်ကကားတွေကို သတ်သတ်ထားပေး၊ တခြားနယ်စိမ်းကလာတဲ့ကားတွေဆိုရင်လည်း သတ်သတ်ထားပေး၊ အဲဒါဆိုရင်ရတယ်။ အခုက ရောထားတဲ့အခါကျတော့ အဆင်မပြေတော့ဘူး ကျနော်တို့က၊ ကျနော်တို့ ဒေသခံကားတွေက ရောဂါပိုးလည်းမရှိဘူးဗျာ။ တခြားဒေသကလာတဲ့ကားတွေက ရောဂါပိုးသယ်လာမယ်ဆိုရင်အကုန်ကူးကုန်မှာပဲ။ စိုးရိမ်တာပေါ့နော်။ ”

ဒီကနေ့ အောက်တိုဘာ ၂၆ ရက်နေ့အထိ ကယားပြည်နယ်မှာ ကိုဗစ်- ၁၉ အတည်ပြုလူနာ ၇ ဦးအထိရှိပြီ ဖြစ်ပါတယ်။

ကယားပြည်နယ်မှာ ပြည်နယ် ပြင်ပပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေကို အောက်တိုဘာ လကုန်အထိ ယာယီရပ်နားထားပြီး ကုန်စည်စီးဆင်မှု မပြတ်တောက်စေရေး ကုန်တင်ယာဉ်တွေကို ဝါရီကောခူ အထက ခွဲမှာ ရပ်နားစေပြီး ကုန်စည်သယ်ယူမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ယာဉ်မောင်းယာဉ်နောက်လိုက်တွေအနေနဲ့ ၃ ရက် တကြိမ်  နှာခေါင်းနဲ့ အာခေါင် တို့ဖတ် ဓာတ်ခွဲ နမူနာယူ စစ်ဆေးပြီး  ကျန်းမာရေးထောက်ခံချက်နဲ့ ကုန်စည်တွေကို သယ်ယူပို့ဆောင်နေကြတာဖြစ်ပါတယ်။

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်နယ်စပ်ရှိ လွိုင်ကော်မြို့နယ် ဝါရီကောခူကျေးရွာမှာဖွင့်လှစ်ထားတဲ့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းမှာ  ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို RDT စနစ်နဲ့ စစ်ဆေးပေးနေရာ အောက်တိုဘာ ၂၄ ရက်နေ့အထိ ကုန်တင်ယာဉ်အစီးရေ ၆၀၈ စီး ၊  လူဦးရေ  ၉၁၂  ယောက်ကို စစ်ဆေးထားပြီးဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ဒါ့အပြင် ကယားပြည်နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်းခံထားရ သူတွေထဲက ၁၁၄ ဦးတို့ရဲ့ဓာတ်ခွဲနမူနာကို  တောင်ကြီးပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနကို ပေးပို့ထားပြီး အဖြေကို စောင့်ဆိုင်းနေပါတယ်။

လွိုင်ကော်ပြည်သူ့ဆေးရုံမှာတက်ရောက်ကုသနေတဲ့ ပိုးတွေ့လူနာတွေရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်ကောင်းမွန်နေကြောင်းလည်း ပြည်နယ်အစိုးက ဒီကနေ့ အောက်တိုဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013