DVB Logo
Home
မြန်မာသတင်း
သာယာဝတီအကျဉ်းထောင်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ ၁၈၅ ဦးရှိ  
DVB
·
October 26, 2020
သာယာဝတီအကျဉ်းထောင်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ ၁၈၅ ဦးရှိ  
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ သာယာဝတီအကျဉ်းထောင်မှာ အောက်တိုဘာ ၁၉ ရက်က စတင်ပြီး ကိုဗစ်-၁၉ ရောဂါပိုးစတင်တွေ့ရှိခဲ့ရာ ဒီနေ့အချိန်ထိ ရောဂါ ကူးစက်ခံထားရတဲ့ အကျဉ်းသားတွေနဲ့ ဝန်ထမ်း စုစုပေါင်း ၁၈၅ ဦးရှိသွားပြီလို့ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

သာယာဝတီခရိုင်မှာ ဧပြီ ၁၆ ရက်မှ အောက်တိုဘာ ၂၄ ရက်နေ့အထိ အမျိုးသား ကျန်းမာရေး(NHI)ကို ပေးပို့စစ်ဆေးခဲ့ရာမှာ သာယာဝတီထောင်က  ၂၄ ဦး၊ အောက်တိုဘာ ၂၂ ရက်က  Covid-19 Antigen Test (RDT)နဲ့ သာယာဝတီထောင်ရှိ  အကျဉ်းသားနဲ့  ဝန်ထမ်း ၂၅၂ ဦးကို စစ်ဆေးရာ ၁၆၀ ဦး ပိုးတွေ့ရှိပြီး လွတ်မြောက်အကျဉ်းသား  ၅ ဦးကို စစ်ဆေးရာ လက်ပံတန်းမြို့နယ်က တစ်ဦး ပိုးတွေ့ရှိတယ်လို့ သာယာဝတီခရိုင် ပြည်သူကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

သာယာဝတီခရိုင် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသိန်းနိုင်လင်းက “သာယာဝတီ အကျဉ်းထောင်မှာ ရောဂါပိုးတွေ့ရှိတဲ့သူ ၁၈၅ ဦးမှာ ၂ ဦးက ဝန်ထမ်းဖြစ်တဲ့အတွက် သာယာဝတီခရိုင် ပြည်သူဆေးရုံမှာ ဆေးကုသမူခံယူနေတယ်။ ကျန်ရောဂါပိုးတွေ့တဲ့သူတွေ ကိုတော့ ထောင်ဆေးရုံမှာ ဆေးကုသပေးနေပါတယ်။ သေဆုံးတယ်ဆိုတဲ့သတင်းက မဟုတ်ပါဘူး” လို့ ပြောပါတယ်။

သာယာဝတီမြို့နယ်အုပ်ချူပ်ရေးမှူးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာ ထောင်နဲ့ အဆက်အစပ် မရှိတဲ့အတွက်​ ထောင်နဲ့ပတ်သက်ပြီး ပြည်ထဲရေးကိုသာ မေမြန်းပါလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ သာယာဝတီအကျဉ်းထောင်ကို အသွားအလာကန့်သတ်ထားပြီး ထောင်ဝင်စာလာတွေ့တာတွေကိုလည်း ပိတ်ထားကာ ပါဆယ်နဲ့သာ ပေးပို့ခိုင်းတယ်လို့ သိရပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013