DVB Logo
Home
မြန်မာသတင်း
မိုင်းဆတ်တွင် ငွေကျပ် သန်းပေါင်း ၂ သောင်းခွဲကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
October 26, 2020
မိုင်းဆတ်တွင် ငွေကျပ် သန်းပေါင်း ၂ သောင်းခွဲကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
1 / 2
Donate to DVB

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်မှာ ငွေကျပ် သန်းပေါင်း ၂ သောင်းခွဲကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေနဲ့ သယ်ဆောင်သူ တစ်ယောက်ကို ဖမ်းမိခဲ့တယ်လို့ အစိုးရပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၂၅ ရက် မနက် ၁၀ နာရီလောက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ မိုင်းဆတ်မြို့နယ် မိုင်းတွမ်း-မိုင်းဆတ်သွား ကားလမ်း ပါခါးရွာနားမှာ မိုင်းတွမ်းကနေ မိုင်းဆတ်ဘက်ကို အားဖျော်(ခ)အားဖြိုး၊  ဆိုသူ မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာမှာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ သိမ်းဆည်းရမိခဲ့ပါတယ်။

[caption id="attachment_419285" align="alignleft" width="360"] ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်က မသီသီဇော်ရဲ့အိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၈၀၀ ပြား၊ ဘိန်းဖြူ သုည ဒသမ ၀၂၊ အိုက်စ် သုည ဒသမ ၂၄ ကီလို နဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၈)ရပ်ကွက် နေ စောအောင်နိုင်ရဲ့ အိမ်ကို ရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၁,၁၈၀ ပြား သိမ်းဆည်းရမိစဉ်[/caption]

ကွင်းဆက်ဖော်ထုတ်ချက်အရ မနက် ၁၁ နာရီခွဲလောက်မှာ မိုင်းဆတ်မြို့နယ် မိုင်းတွမ်းအုပ်စု နမ့်ခမ်း(၁)အောက်ရွာက လော်ချာနဲ့ လော်ဖာတို့ရဲ့ နေအိမ်ကို ရှာဖွေရာမှာ သူတို့ကိုမတွေ့ဘဲ အိမ်ထဲကနေ အိုက်စ် ၁၂၄ ကီလို၊ ကဖင်း ကီလို ၆၅၀၊ စိတ်ကြွရူးသွပ်ဆေးပြား ရိုက်နှိပ်ရာမှာ သုံးတဲ့ သံမို WY စာတန်း ပါ ၁၁ ချောင်းနဲ့ စာတန်းမပါ ၁၁ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

လော်ဖာဟာ တာချီလိတ်မြို့မှာ ၂၀၂၀ ပြည့်နှစ် မေ ၇ ရက်က စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်း ဖမ်းဆီးရမိခဲ့တဲ့အမှုက ကွင်းဆက်တရားခံပြေးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ဖမ်းမိထားတဲ့ အသက် ၁၉ နှစ်အရွယ် အားဖျော်(ခ)အားဖြိုး၊ တိမ်းရှောင်သူ အသက် ၂၈ နှစ်အရွယ် လော်ဖာ၊ အသက် ၃၀ အရွယ် လော်ချာတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၄ ရက်က ထားဝယ်မြို့ ထိန်သစ်ရပ်ကွက်မှာ ဆိုင်ကယ်တစီးကို ရပ်တန့်စစ်ဆေးရင်း WY စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ရှာဖွေတွေ့ရှိသိမ်းဆည်းရမိပြီး သူ့အိမ်ကိုသွားရောက်ရှာဖွေရာ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၆၁၂ ပြား ထပ်ပြီး ဖမ်းဆီးရမိပါတယ်။

ကော့သောင်းမှာလည်း အေးရိပ်ငြိမ်ရပ်ကွက်နေ ဇော်ဟိန်းရဲ့နေအိမ်ကို သတင်းအရ ဝင်ရောက် ရှာဖွေ ရာမှာ နောက် ၂ ယောက်နဲ့အတူ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၃၅ ပြား ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၃ ရက်ကလည်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်က မသီသီဇော်ရဲ့အိမ်ကို ဝင်ရောက်ရှာဖွေရာမှာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၈၀၀ ပြား၊ ဘိန်းဖြူ သုည ဒသမ ၀၂၊ အိုက်စ် သုည ဒသမ ၂၄ ကီလို၊ မြန်မာငွေ ၁,၀၀၀,၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၈)ရပ်ကွက်၊ ဗိုလ်ဖိုးစောလမ်း၊ အမှတ်(၉၆၂)နေ စောအောင်နိုင်ရဲ့ အိမ်ကို ရှာဖွေရာမှာလည်း နောက် ၂ ယောက်နဲ့အတူ စိတ်ကြွရူးသွပ်ဆေးပြား ၈၁,၁၈၀ ပြား၊ မြန်မာငွေ ၁,၀၀၀,၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013