DVB Logo
Home
မြန်မာသတင်း
ရွှေကျောင်း ထိန်းသိမ်းရေး အမေရိကန် အကူအညီပေးမည်
DVB
·
July 25, 2013
ရွှေကျောင်း ထိန်းသိမ်းရေး အမေရိကန် အကူအညီပေးမည်
Donate to DVB

မန္တလေးမြို့မှာရှိတဲ့ ရွှေကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေးအတွက် အမေရိကန် ပြည်ထောင်စုက အကူအညီပေးသွားမှာ ဖြစ်ပါတယ်။

[caption id="attachment_41929" align="alignleft" width="300" caption="အမေရိကန် သံအမတ် ဒဲရစ်မစ်ရှဲယ် ရွှေကျောင်းကို သွားရောက်ကြည့်ရှုစဉ် "][/caption]

မန္တလေးမြို့ကို ရောက်ရှိနေတဲ့ အမေရိကန်သံအမတ်ဟာ မန္တလေးမြို့ သမိုင်းဝင် ရွှေကျောင်းတော် ထိန်းသိမ်းဖို့အတွက်  ငွေကြေးနဲ့နည်းပညာဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တာပါ။

ဇူလိုင် ၂၅ ရက်နေ့မှာ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ရှဲယ်၊ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းဆွေနဲ့ တာဝန်ရှိသူတွေက ရွှေနန်းတော် ကျောင်း လို့ခေါ်တဲ့ ရွှေကျောင်းကြီးကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

ဒီထိန်းသိမ်းရေးအတွက် ယဉ်ကျေးမှုထိန်းသိမ်းရေး ရန်ပုံငွေကနေ ခန့်မှန်း အမေရိကန် ဒေါ်လာ ၅ သိန်းနီးပါး ထောက်ပံ့မှာဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ အထိ ၂ နှစ် သတ်မှတ်ကာလအတွင်း သင်တန်းတွေပေးတာ၊ စွမ်းရည်မြင့်တင်ရေးတွေ လုပ်ဆောင်သွားမှာ ဖြစ်သလို အမေရိကန် ကျွမ်းကျင်သူတွေလည်း လာရောက်မှာ ဖြစ်ပါတယ်။

ရှေးဟောင်းဘုန်းကြီးကျောင်းတွေ အများကြီးထဲက ဘာကြောင့် ရွှေကျောင်းကို ရွေးချယ် လိုက်တာနဲ့ ပတ်သက်လို့လည်း အမေရိကန်သံအမတ် ဒဲရစ်မစ်ရှဲလ်က အခုလို ပြောပါတယ်။

“ရွေးချယ်စရာ ကွဲပြားမှုတွေ  အများအပြား ကျနော်တို့ ကြည့်ခဲ့ပါတယ်။ ဒီနေရာဟာ စတင်ဖို့ အကောင်းဆုံး နေရာလို့ ခံစားရတယ်။ ဒါဟာ ကျနော်တို့လုပ်သွားမယ့် နောက်ဆုံးနေရာလည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံသစ် ဘယ်လို ဖွံ့ဖြိုးတိုးတက်မလဲဆိုတာကို အများကြီး ပြောနေပါတယ်။ ခေတ်မီတဲ့နိုင်ငံတော်သစ် ဖြစ်အောင် ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မလဲဆိုတာကိုလည်း ပြောဆိုပါတယ်။ ဒါပေမယ့် တခါတရံမှာ အတိတ်ကို ထိန်းသိမ်းတာကလည်း အရေးပါပါတယ်။ အိမ်နီးချင်းနဲ့ ကျန်တဲ့ အာရှနိုင်ငံတွေမှာ ကြည့်မယ်ဆိုရင် ဒါတွေ ပျောက်ဆုံးကုန်ပါတယ်။ ဒါပေမယ့်
ခင်ဗျားတို့ဆီမှာ ဒီအခွင့်အရေးရှိနေသလို ကောင်းကောင်းမွန်မွန် လုပ်လို့ ရနေပါတယ်။ သမိုင်းကို ပျောက်သွားရင်တော့ ခင်ဗျားတို့ ၀ိညာဉ်တွေ အများကြီးပျောက်ဆုံးသွားမှာပါ။”

ရွှေကျောင်းကို ရှေးမှုမပျက် ထိန်းသိမ်းဖို့အတွက် အမေရိကန်နဲ့ မြန်မာရှေ့ဟောင်း သုတေသန ဦးစီးဌာနနဲ့ အဓိကထား ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နန္ဒာမွှန်းက ပြောပါတယ်။

“ပူးပေါင်းဆောင်ရွက်ပြီးတော့ လုပ်လိုတယ်လို့ သူတို့ဘက်က လုပ်လာတဲ့အခါမှာ ကျမတို့အနေနဲ့ ကြီးကြပ်ပြီးတော့ လက်ခံပေးတဲ့ သဘောပဲရှိပါတယ်။ ၀န်ထမ်းတွေအတွက် သင်တန်းတွေရမယ်၊ ဒီဟာကနေပြီးတော့ အတွေ့အကြုံတွေ တခြားကျောင်းတွေ ထိန်းသိမ်းရေးအတွက် သူတို့ ထပ်ပြီးတော့ သူတို့လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။”

သက်တမ်းရာကျော်ပြီဖြစ်တဲ့ ရွှေကျောင်း ပြုပြင်ထိန်းသိမ်းရေးတွေ လုပ်ဆောင်ဖို့အတွက် ၂၀၁၂ ဖေဖော်ဝါရီလက အမေရိကန်သံရုံးက ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ယဉ်ကျေးမှု ၀န်ကြီးဌာနက အခု လက်ခံခဲ့ပါတယ်။

ဒီကျောင်းကို သီပေါမင်းနန်းတက်စ အချိန်က ပန်းကနုတ်၊ ပန်းပုလက်ရာတွေနဲ့ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013