DVB Logo
Home
မြန်မာသတင်း
နိုဝင်ဘာ ၈ ရက်နေ့ လူ ၃၀ ထက်ပိုစုဝေးခွင့်ပြု၊ Stay at home မြို့နယ်ရှိ ပြည်သူများ မဲသွားပေးနိုင်
DVB
·
October 26, 2020
နိုဝင်ဘာ ၈ ရက်နေ့ လူ ၃၀ ထက်ပိုစုဝေးခွင့်ပြု၊ Stay at home မြို့နယ်ရှိ ပြည်သူများ မဲသွားပေးနိုင်
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာ ၈ ရက်နေ့ မဲရုံတွေမှာ  လူ ၃၀ ထက်ပိုပြီး စုဝေးခွင့်ပြုတဲ့ အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။ 

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်နဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်းပြီး မဲရုံတွေအတွက် ထုတ်ပြန်‌ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ အခုလို လူ ၃၀ ထက်ပို စုဝေးခွင့်ပြုလိုက်တာလို့ အောက်တိုဘာ ၂၅ ရက်နေ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တဲ့လုပ်ငန်းတွေနဲ့ စပ်လျှဉ်းပြီး နိုင်ငံတဝန်းမှာ  လူအယောက် ၃၀ ဖြစ်စေ၊ ၃၀ ထက်ပိုပြီး ဖြစ်စေ မစုဝေးကြဖို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဩဂုတ် ၁၂ ရက်နေ့က ထုတ်ပြန်ထားခဲ့တာပါ။

ရွေးကောက်ပွဲကျင်းပမယ့်  နိုဝင်ဘာလ ၈ ရက်နေ့ မဲရုံတွေမှာ မဲဆန္ဒရှင်ပြည်သူတွေ အယောက်  ၃၀ ထက်ပိုရှိနိုင်တဲ့အတွက် ခုလို  ကျန်းမာရေး သတ်မှတ်ချက်စည်းကမ်းကို တစ်ရက်တာ ဖြေလျှော့ ပေးလိုက်တာလည်းဖြစ်ပါတယ်။ 

အလားတူ ရန်ကုန်တိုင်းအပါအဝင် Stay at home အမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာလည်း ပြည်သူတွေအနေနဲ့ ကြိုတင်ဆန္ဒမဲ‌ ပေးရမယ့်နေရာတွေကို သွားရောက်ဆန္ဒမဲပေးနိုင်သလို နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှာလည်း မဲရုံကို သွားရောက်ဆန္ဒမဲပေးနိုင်ဖို့ ခြွင်းချက်အနေနဲ့ ခွင့်ပြုကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးက အောက်တိုဘာ ၂၅ ရက်စွဲနဲ့  ထုတ်ပြန်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ဖို့ ပိုးတွေ့လူနာများပြားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်အားလုံး၊ ရန်ကုန်တိုင်းက ကိုကိုးကျွန်းမပါ မြို့နယ်အားလုံးနဲ့ မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ကချင်ပြည်နယ်အတွင်းက မြို့နယ်အချို့ကို Stay at home ကြေညာထားခဲ့တာပါ။

သတင်း- လွင်မိုးအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013