DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့တွင် မဲပေးနည်း စနစ်ကျမှန်ကန်စေရန် အွန်လိုင်းက ဆက်လက်ပညာပေးမည်
DVB
·
October 25, 2020
ရွှေဘိုမြို့တွင် မဲပေးနည်း စနစ်ကျမှန်ကန်စေရန် အွန်လိုင်းက ဆက်လက်ပညာပေးမည်
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ မဲပေးနည်းစနစ်ကျ မှန်ကန်စေဖို့ အွန်လိုင်းကတဆင့် ဆက်လက်ပညာပေးသွားမယ်လို့ သပြေညိုရွှေဘိုပန်း LGBT အဖွဲ့ တည်ထောင်သူ ကျော်မျိုးဝင်း ခေါ် ET က ပြောပါတယ်။

ရွေးကောက်ပွဲအတွက် မဲပေးရာမှာ နည်းစနစ်မှန်ကန်စေရေးအပြင် ကိုဗစ်-၁၉ ကမ္ဘာကပ်ရောဂါနဲ့ ကြုံတွေ့နေရတာကြောင့် ချမှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ပြုလုပ်နေရတဲ့အတွက် အချိန်ပိုသုံးနေရတယ်လို့ ကိုကျော်မျိုးဝင်းက ပြောပါတယ်။

မဲဆန္ဒရှင်တွေကို ကိုဗစ်-၁၉ ရောဂါ ပညာပေးခြင်းလုပ်ငန်းပါ တွဲဖက်ပညာပေးနေရပြီး ကိုဗစ်စည်းကမ်းနဲ့အညီ တကြိမ်ကို လူ ၂၀ လောက်သာ ပညာပေးနေရကြောင့် ပညာပေးချင်သလောက် မပေးရဘူးလို့ ဆိုပါတယ်။

“ပုံမှန်သာဆိုရင် တကြိမ်ကို လူ ၅၀ လောက်ပေးလို့ရတယ်။ အခုတော့ ကိုဗစ်စည်းကမ်းချက်နဲ့အညီ တစ်ကြိမ်ကို လူ ၂၀ ပဲ ပေးလို့ရတယ်။ သုံးကြိမ် ပေးပြီးပြီ၊ တကြိမ်ကိုတော့ လူနှစ်ဆယ် ထပ်ပေးမယ်၊ ပညာပေးပြီးသား လူတွေကလည်း ဆင့်ပွားပညာဆက်ပေးသွာမယ်” လို့ ကျော်မျိုးဝင်းက ပြောပါတယ်။

လူတွေ့ပညာပေးတာမှာ လူဦးရေ ကန့်သတ်ထားတဲ့အတွက် Tha Pyae Nyo Shwebo Pan Organization-tpn shwebo ဖေ့ဘွတ်ခ်စာမျက်နှာကနေ မဲပေးခြင်းဆိုင်ရာ အချက်အလက်များကို တိုက်ရိုက်ပညာပေးသွားမယ်လို့ ဆိုပါတယ်။

LGBT အဖွဲ့အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်တာနဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးလုပ်ငန်းကိုလည်း ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားမယ်လို့ အဖွဲ့က ပြောပါတယ်။

ရွှေဘိုမှာ LGBT အဖွဲ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း မဲပေးနည်း ပညာပေးတာကို ရပ်ကျေးအဆင့်အထိ တအိမ်တက်ဆင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013