DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာခရိုင်တွင် ၂၀၂၀ ရွေးကောက်ပွဲ မဲရုံတာဝန်ကျ ဝန်ထမ်းများကို သင်တန်းပေး
DVB
·
October 25, 2020
မိတ္ထီလာခရိုင်တွင် ၂၀၂၀ ရွေးကောက်ပွဲ မဲရုံတာဝန်ကျ ဝန်ထမ်းများကို သင်တန်းပေး
Donate to DVB

မန္တလေးတိုင်း မိတ္ထီလာခရိုင်အတွင်းရှိ မြို့နယ် ၄ ခုလုံးမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲရုံတာဝန်ကျ မဲရုံမှူး၊ ဒုမဲရုံမှူး အပါအဝင် ဝန်ထမ်း ၂၄၀၀ ကျော်ကို အောက်တိုဘာ ၂၀ ရက်ကစပြီး မဲရုံလုပ်ငန်းဆိုင်ရာ သင်တန်း ပေးနေပါတယ်။

အောက်တိုဘာ ၂၄ ရက်မှာတော့ မိတ္ထီလာ ဝမ်းတွင်းမြို့နယ် ၂ ခုက မဲရုံတာဝန်ကျ ဝန်ထမ်းတွေကို သင်တန်းပေးခဲ့ပြီး သာစည်မြို့နယ်မှာ သင်တန်း စပေးနေတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး လက်ထောက်ညွှန်မှူး ဦးမျိုးမင်းထိုက်က ပြောပါတယ်။

“ဒီတခါရွေးကောက်ပွဲမှာ သင်တန်းကိုလည်း ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်မှုနဲ့အညီ လုပ်ရပါတယ်။ မဲရုံတွေမှာလည်း အပူချိန်တိုင်းသူ လက်ဆေးရေပေးသူ ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်မှုနဲ့အညီ လုပ်ရမှာပါ။ မဲလာပေးကြမယ့် မဲဆန္ဒရှင်တွေ အဆင်ပြေပြေ မဲပေးနိုင်အောင် မဲရုံးမှူး၊ ဒုမဲရုံမှူး၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတွေကို သင်တန်းပေးတယ်။ မြို့နယ် ၁ ခုကို သင်တန်း ၃ ရက်ပေးတယ်” လို့ ဆက်ပြောပါတယ်။

သင်တန်းလာတက်တဲ့ ဦးတင့်လွင်က “ရွေးကောက်ပွဲတွေရဲ့ မဲရုံလုပ်ငန်းအနေနဲ့ ၂၀၁၀၊  ၂၀၁၅ အခု ၂၀၂၀ ရွေးကောက်ပွဲ အတွေ့အကြုံတွေရှိနေပါတယ်။ တခါတခါ ၅ နှစ်လောက်ဆိုတော့ တချို့ဟာတွေ မေ့နေတယ်၊ အခုလိုသင်တန်းပေးတော့ ပြန်သတိရတယ်။ မသိရသေးတာတွေ ဗဟုသုတရတယ်၊ သိပြီးသားတွေ သတိပြန်ရလာတယ်” လို့ ပြောပါတယ်။

မိတ္ထီလာခရိုင်ထဲ မဲရုံတာဝန်ကျ ဝန်ထမ်းတွေမှာ ပညာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးနဲ့ အခြားဌာနတွေက ပါဝင်ပြီး ဝမ်းတွင်းက သင်တန်းသား ၇၁၁ ဦး၊ မိတ္ထီလာက ၆၆၀၊ သာစည်က ၅၇၆ ဦး၊ မလှိူင်က ၄၇၆ ဦး၊ သင်တန်းသားစုစုပေါင်း ၂၄၂၃ ဦးကို သင်တန်းပေးနေတယ်လို့ သိရပါတယ်။

မိတ္ထီလာခရိုင်အတွင်း ဝမ်းတွင်းမှာ မဲရုံ ၃၁၈ ရုံ၊ မိတ္ထီလာက မဲရုံ ၂၉၁ ရုံ၊ သာစည်က ၂၄၉ ရုံ၊ မလှိူင်က ၂၁၀ စုစုပေါင်း မဲရုံ ၁၀၆၈ ရှိပြီး မဲဆန္ဒရှင် ၇ သိန်း ၂ သောင်းလောက်ရှိတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ-မောင်မောင်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013