DVB Logo
Home
ကျန်းမာရေး
သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ
DVB
·
October 25, 2020
သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ
Donate to DVB
အသက်ရှူ ကျပ်ရင်းက အသက်ဆုံးသွားတဲ့အထိပဲ။ ကိုဗစ်ကြောင့်  မောတယ်၊ အသက်ရှူ ကျပ်လာတယ်၊ သွေးတွင်းအောက်ဆီဂျင်က ထိုးကျသွားတယ်ဆိုတဲ့ စကား အခုတလော တော်တော်လေး ကြားရတယ်နော်။ သွေးတွင်းအောက်ဆီဂျင် ကျတာက အ​ကြောင်းမဲ့ ရုတ်တရက် ဖြစ်တာမျိုး မဟုတ်ပါဘူး။ သွေးတွင်းအောက်ဆီဂျင် ကျနေပြီဆိုတာကို သိသာတဲ့ လက္ခဏာလေးတွေ ရှိပါတယ်။

သွေးတွင်းအောက်ဆီဂျင် ဘာကြောင့် ကျရတာလဲ………

သွေးတွင်း အောက်ဆီဂျင် ကျတယ်ဆိုတာက သွေးထဲမှာ ရှိသင့်တဲ့ အောက်ဆီဂျင် ပမာဏရဲ့ အောက်ကို ရောက်နေတာပါ။ သွေးတွင်း အောက်ဆီဂျင် ပမာဏ ကျဆင်းရတာက အခုလောလောဆယ်မှာ ကိုဗစ်ကြောင့် အဖြစ်များပေမယ့် ဒီအချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သွေးတွင်း အောက်ဆီဂျင် ကျတဲ့အခါ ဘယ်လို လက္ခဏာတွေ ရှိလဲ

သွေးတွင်းအောက်ဆီဂျင် ကျသွားတဲ့အခါ ပုံမှန်မဟုတ်တဲ့ သွေးလည်ပတ်မှုတွေ  ဖြစ်ပြီး အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်းဖြစ်တာ
  • ခေါင်းကိုက်တာ
  • ဂနာမငြိမ်ဖြစ်တာ
  • မူးဝေတာ
  • အသက်ရှူ မြန်လာတာ
  • ရင်ဘတ် အောင့်တာ
  • အာရုံ ရှုပ်ထွေးတာ
  • သွေးပေါင်တက်တာ
  • ဟန်ချက်ညီညီ လုပ်ဆောင်နိုင်စွမ်းကျတာ (စကားတွေပလုံးပထွေးပြောတာ၊ လှုပ်ရှားမှု မူမှန်တာ)
  • အမြင်အာရုံ ဝေဝါးတာ
  • အရမ်း စိတ်လှုပ်ရှားနေတာ
  • အသာရောင် ပြာနှမ်းတာ
  • အသက်ရှူရခက်လာတာ
  • နှုတ်ခမ်းတွေ ပြာနှမ်းလာတာ
  • နှလုံးခုန်မြန်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဒီလို အခြေအနေဖြစ်နေရင် ကုသမှု အမြန်ဆုံး ခံယူပါ။

အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေကို ခံစားနေရသလို အခုလို အခြေအနေတွေ ဖြစ်လာပြီဆိုရင် အမြန်ဆုံး ကုသမှု ခံယူပါ။
  • ပြင်းထန်တဲ့ အသက်ရျူ ပြတ်တောင်း ပြတ်တောင်းဖြစ်တာကို ရုတ်တရက် ခံစားရမယ်ဆိုရင်
  • အနားယူနေစဉ်မှာ အသက်ရှူရ ပြတ်တောင်းပြတ်တောင်း ဖြစ်လာရင်
  • အနားယူနေပေမယ့် အသက်ရှူ မဝသလို ခံစားလာရရင်
  • လေ့ကျင့်ခန်း လုပ်နေစဉ်၊ ကိုယ်လက်လှုပ်ရှားမှု လုပ်နေစဉ် အသက်ရှူ ရခက်လာရင်
  • အသက်ရှူ ရကျပ်လို့ ရုတ်တရက် လန့်နိုးလာမယ်ဆိုရင်
  • နင်နေသလို ခံစားရရင်
  • ချောင်းဆိုးရင်း အသက်ရှူ ကျပ်လာရင်
  • နှလုံးမြန်ရင်း အသက်ရှူ ကျပ်နေတာဆိုရင်
  • ဖောရောင်မှုနဲ့အတူ အသက်ရှူရခက်လာရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။
ရေးသားသူ Aye Thi Mon   ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013