DVB Logo
Home
မြန်မာသတင်း
မိုးညှင်းခရိုင်တွင် ၂၀၁၅ ထက် မဲဆန္ဒရှင် ၁ သိန်းကျော် တိုးလာ
DVB
·
October 25, 2020
မိုးညှင်းခရိုင်တွင် ၂၀၁၅ ထက် မဲဆန္ဒရှင် ၁ သိန်းကျော် တိုးလာ
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးနိုင်သူအရေအတွက်ဟာ  ၂၀၁၅ ထက် လူဦးရေ ၁ သိန်းကျော် တိုးလာတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးမျိုးမင်းဦးက DVB ကို ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာတော့ မဲဆန္ဒရှင်အရေအတွက် ၃ သိန်းသာရှိပြီး ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ၄ သိန်းကျော်လာတယ်လို့ ဆိုပါတယ်။ 

မိုးညှင်းမြို့နဲ့ ဖားကန့်မြို့တွေမှာ ရွှေ့ပြောင်းအခြေချလုပ်သားတွေ ပိုများလာတာကြောင့် မဲဆန္ဒရှင်အရေအတွက် များလာတာလို့ ပြောပါတယ်။

ဒါ့အပြင် မိုးညှင်းခရိုင်မှာ first time voter ၅ သောင်းကျော် ရှိပါတယ်။ ကွာရန်တင်း စင်တာတွေမှာ ကွာရန်တင်း ဝင်နေရသူတွေကတော့ နိုဝင်ဘာ ၁ ရက်နေ့မှာ ကြိုတင်မဲစပေးနိုင်ပြီလို့ သိရပါတယ်။ 

ကချင်ပြည်နယ်မှာ first time voter ၁ သိန်းကျော်ရှိပြီး မိုးညှင်းခရိုင်မှာ ၅ သောင်း ဗန်းမော်ခရိုင်မှာ ၂ သောင်း၊ မြစ်ကြီးနားခရိုင်မှာ ၃ သောင်း၊ ပူတာအိုခရိုင်မှာ ၅,၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ 

မိုးညှင်းခရိုင်မှာ မဲရုံပေါင်း ၂၈၀ ရှိပြီး မဲရုံတာဝန်ကျ ဆရာ/ဆရာမ ၅,၀၀၀ ကျော်ကို သင်တန်းပေးနေတယ်လို့ ဆိုပါတယ်။ 

သတင်း - ကိုထက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013