DVB Logo
Home
မြန်မာသတင်း
ကချင်အမျိုးသမီး ရေမွန်မက်ဆေးဆေးဆု ရရှိ
DVB
·
July 24, 2013
ကချင်အမျိုးသမီး ရေမွန်မက်ဆေးဆေးဆု ရရှိ
Donate to DVB

ဖိလစ်ပိုင်နိုင်ငံက ပေးအပ်တဲ့ အာရှတိုက်ရဲ့ နိုဘဲလ်ဆုလို့ တင်စားပြောဆိုကြတဲ့ ရေမွန် မက်ဆေးဆေး  ဆုကို ကချင် အမျိုးသမီးတဦးကို ချီးမြှင့်လိုက်ပါတယ်။

၂၀၁၃ ခုနှစ်အတွက် ရေမွန်မက်ဆေးဆေးဆုကို ကချင်ဒုက္ခသည်တွေအရေး ဆောင်ရွက်နေသူ လဖိုင်ဆန်းရော်၊ အာဖဂန်က အမျိုးသမီးမြို့တော်ဝန်၊ ဖိလစ်ပိုင်ကတဦးနဲ့ အင်ဒိုနီးရှားနဲ့ နီပေါနိုင်ငံတွေက အဖွဲ့အစည်းနှစ်ခုတို့ကို ရွေးချယ်ခဲ့တာပါ၊

ကချင်အမျိုးသမီး လဖိုင်ဆန်းရော်ရဲ့ ဆောင်ရွက်ချက်တွေဟာ ထိခိုက်ပျက်ယွင်းနေတဲ့ အသိုက်အ၀န်းကို တက်ကြွတဲ့ ခေါင်းဆောင်မှုနဲ့ ပြန်လည် ထူထောင်ခဲ့သလို မြန်မာငြိမ်းချမ်းရေး အနာဂတ် အုတ်မြစ်အတွက် ဒေသခံ လူမှုအဖွဲ့အစည်းတွေကို အားကောင်းစေပြီး အကြမ်းမဖက်ပုံစံနဲ့ ပါဝင်လာအောင် ကြိုးပမ်းအားထုတ်တဲ့အပေါ် အသိအမှတ်ပြု ချီးမြှင်တာလို့ ရေမွန်မက်ဆေးဆေး ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဆုအဖြစ် အသိအမှတ်ပြုလက်မှတ် ဆုတံဆိပ်ရယ် ဆုကြေးငွေ ပေးအပ်ချီးမြှင့်မှာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာ ဩဂုတ်လ ၃၁ ရက်နေ့မှာ ချီးမြှင့်မယ်လို့ ဆိုပါတယ်။

ရေမွန်မက်ဆေးဆေးဆုရှင် လဖိုင်ဆန်းရော်ကို “မယုံကြည်စရာနိုင်ပေါ့နော်၊ ရင်ထဲမှာလည်းလေ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံး အတူတကွ အားထုတ်မှုကို အသိအမှတ်ပြုပေးတယ်ဆိုတော့ ၀မ်းသာပါတယ်” လို့  ပြောပါတယ်။

လဖိုင်ဆန်းရော်ဟာ အစိုးရနဲ့ ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်တို့ ၁၉၉၄ ခုနှစ် အပစ်ခတ်ရပ်စဲကတည်းက ကချင်ပြည်နယ်မှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာပါ။

ဒီလုပ်ငန်းတွေလုပ်ဆောင်ရာမှာ အခက်အခဲတွေ အများအပြားကျော်ဖြတ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

ဒီဆုကို ဖိလစ်ပိုင်သမ္မတဟောင်း ရေမွန်မက်ဆေးဆေးကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၅၇ ခုနှစ်က စတင် ပေးအပ်ခဲ့တာ ဖြစ်ပြီး မြန်မာ့ သတင်းစာဆရာ ဦးလောရုံ၊ ထိုင်း-မြန်မာ နယ်စပ်က ဆရာမ ဒေါက်တာ စင်သီယာမောင်၊ ကရင်အမျိုးသား ကဆောဝါးလည်း ရရှိခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013