Home
မြန်မာသတင်း
ကယား ဈေးများတွင် စစ်ဆေးချက်အရ စားသုံးရန်မသင့်သည့် အစားအသောက်များ မတွေ့
နော်နိုရင်း
·
October 23, 2020
122053319_10221148981727533_1118495731722063260_o
122174780_10221148980887512_6086586735816800720_o
122225501_10221148981047516_6830056940365395757_o
122074870_10221148981287522_723704705497081008_o
122078628_10221148982047541_492859223234805910_o
122077886_10221148982247546_6229505581831633976_o
122053319_10221148981727533_1118495731722063260_o
122009762_10221148980447501_7933496552875388120_o
ကယားပြည်နယ်ရှိ ဈေးတွေမှာ ရောင်းချနေတဲ့အစားသောက်တွေကို လိုက်လံဓာတ်ခွဲ စစ်ဆေးရာမှာ စားသုံးဖို့မသင့်တဲ့ ဓာတုပစ္စည်းတွေ သုံးစွဲတာ မတွေ့ရှိရသေးဘူးလို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ရဲ့ ကယားပြည်နယ်ရဲ့ ဒုကြီးကြပ်ရေးမှူး (အစားအသောက်) ဒေါ်အေးပြည့်စုံက ပြောပါတယ်။ ၂၀၁၉ ခုနှစ်မတ်လကစပြီး မိုဘိုင်းဓာတ်ခွဲခန်းအသုံးပြုကာ ပြည်နယ်အတွင်းက ဈေးတွေကို တလ ၂ ဈေးနဲ့ပတ်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်တာဖြစ်ပြီး ဒီနေ့အချိန်အထိ မစားသုံးသင့်တဲ့ အရာ မတွေ့ရှိသေးဘူးလို့လည်း ပြောပါတယ်။ ဒေါ်အေးပြည့်စုံက “တခါမှတော့မတွေ့သေးပါဘူး။ ဒီကယားပြည်နယ်မှာပေါ့လေ။ အကုန်လုံးက ဒီပြည်နယ်မှာက တခြား ဓာတုပစ္စည်းကိရိယာလည်း မရှိသေးပါဘူး။ ဒါကတော့ ချက်ချင်းစစ်တဲ့ဟာပေါ့။” ရွေ့လျားဓာတ်ခွဲခန်းအတွင်းမှာ ဈေးတွေကနေ ကောက်ယူထားတဲ့ ပဲပြား၊ မုန့်တီ၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ လက်ဘက်၊ ငါးပိ၊ မုန်ညင်းချဉ်တို့လို လက်လုပ်ချဉ် အစရှိတဲ့ အစားအသောက်တွေကို ကောက်ခံပြီး ချက်ချင်းဓာတ်ခွဲ ချက်ချင်း အဖြေထုတ်တာဖြစ်ပါတယ်။ ဒီလိုမိုဘိုင်းဓာတ်ခွဲခန်းအပြင် ပုံမှန်လစဉ် စစ်ဆေးနေတဲ့ PMS စစ်တဲ့ဟာကလည်း တလကို အစားအသောက်၊ ဆေးဝါးအလှကုန်ကောက်ယူ စစ်ဆေးတာတွေလည်း လုပ်ဆောင်ပါတယ်။   ပြီးခဲ့နှစ်ကေတော့ ခွင့်မပြု ဆိုးဆေးအသုံးပြုထားတဲ့ ငရုပ်ဆီတခုကို တွေ့ရှိခဲ့ဖူးပေမယ့် အဲဒီငရုပ်ဆီဟာ ပြည်နယ်တွင်း ထုပ်လုပ်တဲ့ ပစ္စည်းမဟုတ်ကြောင်း ဒေါ်အေးပြည့်စုံက ပြောပါတယ်။ “အဲဒါကတော့ ခွင့်မပြုဆိုးဆေး တခါတော့တွေ့ဖူးတယ်။ အဲဒါကတော့ အရင်နှစ်ကပေါ့နော်။ အခုဒီနှစ်ထဲမှာတော့ မတွေ့သေးပါဘူး။ ငရုပ်ဆီတခုထဲမှာ ခွင့်မပြုဆိုးဆေးတွေ့တာပါ။ သူက အဲဒီတုန်းက ထောက်ခံချက်မရသေးဘူးပေါ့။ အခုတော့ ထောက်ခံချက်လျှောက်နေပါပြီ။ ပြီးတော့ ဒီကလည်း လုပ်တာမဟုတ်ဘူးပေါ့နော်။ တခြားပြည်နယ်နဲ့တိုင်းက လုပ်တာဆိုတော့ တခြားပြည်နယ်နဲ့တိုင်းက FDA က ဆက်လုပ်တဲ့လုပ်ငန်းပေါ့နော်။” ကယားပြည်နယ်မှာ အခုလို မိုဘိုင်းဓာတ်ခွဲခန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ရရှိခဲ့တာဖြစ်ပြီး မတ်လကစလို့ တပြည်နယ်လုံးက ဈေးတွေကို တလ ၂ ဈေးနှုန်းနဲ့ လိုက်လံစစ်ဆေးတာဖြစ်သလို ဒီကနေ့မှာတော့ လွိုင်ကော်မြို့က နောင်ယားဈေးမှာ လိုက်လံစစ်ဆေးခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024